ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ငွေကျပ် သိန်း ၃၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ငွေကျပ် သိန်း ၃၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / February 07, 2026


    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီး၌ ကာလိမြို့၊ ရပ်ကွက်(၁)နေသူ စိုင်းထွန်းကျော်(ခ)စိုင်းပီး(၃၃)နှစ် မောင်းနှင် လာသော TOYOTA HIACE မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ အက်တက်စီဆေးပြား ၉,၅၀၀ ပြား (တစ်ပြားလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂,၈၅၀)၊ အိုက်စ် ၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၄၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၈၀)နှင့် ကက်တမင်း ၇၀၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၇၀)တို့အား ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းထွန်းကျော်(ခ)စိုင်းပီး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026
AnnouncementsExplore more >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း