ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၌ ကုန်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ နေအိမ်အား ဝင်ရောက်တိုက်မိကာ ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၌ ကုန်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ နေအိမ်အား ဝင်ရောက်တိုက်မိကာ ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / February 09, 2026


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၌ ကုန်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ နေအိမ်အား ဝင်ရောက်တိုက်မိကာ ရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ အောက်ဈေးတန်းရပ်ကွက်၊ တောင်ကြီး-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် 528 KM အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သရက်ပင်ကျေးရွာနေ အောင်ဟိန်း(၂၈)နှစ် မောင်းနှင်ပြီး အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းရပ်ကွက်နေ ဦးအောင်ရွှေ (၅၁)နှစ် လိုက်ပါလာသည့် MDY-15/6B-XXXX NISSAN ခြောက်ဘီး ကုန်တင်မော်တော်ယာဉ်သည် တောင်ကြီးမြို့မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန် မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းရှိ ဦးစိုင်းစံပ(၄၅)နှစ် ပိုင်ဆိုင်သည့် အလျား ၂၀ ပေ၊ အနံ ၃၀ ပေ သွပ်မိုး၊ ပျဉ်/ထရံကာ နေအိမ်အား ဝင်ရောက်တိုက်မိကာ အဆိုပါနေအိမ် အနောက်ဘက်ရှိ ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း အောင်ဟိန်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဦးစိုင်းစံပ၏ နေအိမ်နှင့် မော်တော်ယာဉ်တို့ ပျက်စီးဆုံးရှုံးခဲ့သောကြောင့် အောင်ဟိန်း အား မိုင်းပျဉ်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Posted on Feb 09, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 08, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Posted on Feb 07, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Posted on Feb 06, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Posted on Feb 04, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 04, 2026
AnnouncementsExplore more >

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

Posted on Feb 8, 2026

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

Posted on Feb 8, 2026

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Feb 5, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း