ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၌ ငွေကျပ် ၈,၆၆၈ ဒသမ ၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၌ ငွေကျပ် ၈,၆၆၈ ဒသမ ၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / May 26, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနီး ပင်လုံ-ကျောက်တန်း-တောင်ကြီးသွားကားလမ်း၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနေ ဟန်ထူးအောင်(၄၈)နှစ် မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်နေ မျိုးသူကို(၂၄)နှစ် လိုက်ပါလာသော TOYOTA FORTUNER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ မျိုးသူကိုထံမှ စိတ်ပြောင်းဆေးဝါး HAPPY WATER ၅ ဂရမ်(တစ်ဂရမ်လျှင် ငွေကျပ် ၁၃,၀၀၀ နှုန်းဖြင် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၆၅,၀၀၀)အား ဖမ်းဆီးရမိခဲ့ကြောင်း။
ဆက်လက်ရှာဖွေခဲ့ရာ မော်တော်ယာဉ်ပေါ်မှ ၎င်းတို့ နှစ်ဦး သိုဝှက်ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံး၊ အလေးချိန် ၉၅ ဒသမ ၂ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၉၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၈၅၆၈ သိန်း)၊ စိတ်ပြောင်းဆေးဝါး HAPPY WATER ၁ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁၀၀ )နှင့် ငွေကျပ် ၁၅ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ဟန်ထူးအောင်နှင့် မျိုးသူကိုတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
