ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ငွေကျပ်သိန်း ၆,၃၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၈ သိန်း ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ငွေကျပ်သိန်း ၆,၃၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၈ သိန်း ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / December 03, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ-နောင်ဝိုးသွားကားလမ်းတွင် ရာဇာဌေး မောင်းနှင်ပြီး ဇော်မျိုးထွေး လိုက်ပါလာသည့် AD Van မော်တော်ယာဉ်နှင့် ရဲမင်းသူ မောင်းနှင်လာသည့် AD Van မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် နှစ်စီးဖြင့် သယ်ဆောင်လာသည့် ခရီးဆောင်အိတ် ၁၄ အိတ်အတွင်းမှ ဘိန်းဖြူပါဆပ်ပြာခွက် ၂,၆၃၅ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၆,၃၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၈ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၉၀ တို့ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်ကျော်ဦး၊ ဝင်းဖြိုးအောင်၊ ဇင်ဖြိုးအောင်နှင့် မနွယ်နီလွင်တို့ လေးဦးအား နိုဝင်ဘာ ၂၅ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၌ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Posted on Dec 26, 2024
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Dec 25, 2024
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 22, 2024
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်း (နောက်ဆက်တွဲ) စာရင်းကြေညာခြင်း
Posted on Dec 24, 2024အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေးရာထူးနေရာ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Dec 24, 2024အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Dec 24, 2024အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း