လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၉) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၉) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / September 09, 2025


မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant–CPA)(ပထမပိုင်း) သင်တန်း၊အမှတ်စဉ်(၄၉) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ရှိ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင် နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ စုစုပေါင်း (၂၉၉) ဦး တက်ရောက်ခဲ့ကြ သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် နိုင်ငံတော်၏ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ၏ စွမ်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် ယခုကဲ့သို့ စာရင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်၍ စာရင်းပညာတတ်ကျွမ်းသူနှင့် စာရင်းပညာရှင်များ တိုးပွားစေရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ရုံး၏ ချမှတ်ထားသည့် မဟာဗျူဟာ ရည်မှန်းချက် (၆) ဖြစ်သည့် “ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍတို့တွင် စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေး” ကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါကြောင်း၊ စာရင်းပညာရှင်များသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အ‌ရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် စာရင်းပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်ပါကြောင်း၊ သစ်လွင်မောင်မယ်တို့သည် စာရင်းပညာလောက၏ မျိုးဆက်သစ်လူငယ်များဖြစ်ပြီး နောင်တစ်ချိန် စာရင်းပညာလောကတွင် လင်းလက်တောက်ပလာမည့် ရတနာများဖြစ်သဖြင့် ပို့ချမည့်ပညာရပ်များကို အလေးအနက်ထား၍ လေ့လာ ဆည်းပူးကြစေလိုပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကဏ္ဍနှစ်ရပ်လုံး၏ စာရင်းလုပ်ငန်းများတွင် Professional များ အဖြစ် ရပ်တည်ဆောင်ရွက်ကြရမည့်သူများလည်းဖြစ်သဖြင့် အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းများသာမက ကျင့်ဝတ်သိက္ခာမြင့်မားသူများ ဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ CPA သည် မြန်မာနိုင်ငံစာရင်းပညာနယ်ပယ်တွင် အမြင့်ဆုံး အသက်မွေးဝမ်းကျောင်းပညာ သင်တန်းဖြစ်သည်နှင့်အညီ စာရင်းပညာများကို အမှန်တကယ် နားလည် တတ်မြောက်ပြီး၊ စွမ်းရည်သွက်လက်၊ ဉာဏ်ရည်ထက်မြက်သည့် နိုင်ငံတော်မှ အားထားရသော စာရင်းပညာရှင် များဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) က နှုတ်ခွန်း ဆက် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရင်းကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) က သင်တန်းဆိုင်ရာအချက်အလက်များ၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မောင်မယ်သစ်လွင်များကိုယ်စား အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းမှ သင်တန်းသားတစ်ဦးနှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းမှ သင်တန်းသားတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အလားတူ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်/မြို့နယ်စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များကို လမ်းစဉ်အတိုင်း တိကျ၊ မှန်ကန်၊ ပြည့်စုံစွာဖြင့် မခြွင်းမချန်အဆင့်ဆင့်စိစစ်တင်ပြကြရန်၊ အပြန်အလှန် လေးစားမှုများထားရှိဆောင်ရွက်ကြရန်၊ အဂတိကင်းရှင်းစွာဖြင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်၊ သတင်းအချက်အလက်လုံခြုံမှုကို အထူးဂရုပြုကြရန်၊ အထက်အောက်အဆင့်ဆင့် ထိတွေ့ပြီး တွေ့ကြုံရသော အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်စသည့် လုပ်ငန်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာများကို လမ်းညွှန်မှာကြားခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Sep 08, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 07, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Sep 06, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Sep 05, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025
AnnouncementsExplore more >

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

Posted on Sep 9, 2025

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

Posted on Sep 9, 2025

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,