လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ကျန်ထဝုန်း ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူငယ်ရေးရာကိစ္စရပ်များတွင် တိုးတက်သောဆက်ဆံရေးရရှိစေရန် ဆောင်ရွက်သွားမည်
လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ကျန်ထဝုန်း ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူငယ်ရေးရာကိစ္စရပ်များတွင် တိုးတက်သောဆက်ဆံရေးရရှိစေရန် ဆောင်ရွက်သွားမည်
Ministry of Information/ Naypyitaw / February 27, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၆
နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ရန် လာအို-မြန်မာ ချစ်ကြည်ရေးအသင်း (LMFA) ဥက္ကဋ္ဌ ကျန်ထဝုန်းဦးဆောင်သောအဖွဲ့သည် ယမန်နေ့က လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့်အတူ မြန်မာ-လာအိုအသင်းအဖွဲ့ဝင်များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ကျန်ထဝုန်း ဦးဆောင်သောအဖွဲ့တွင် နယ်ပယ်စုံမှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင်ကာ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူငယ်ရေးရာကိစ္စရပ်များတွင် တိုးတက်သော ဆက်ဆံရေးရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်နှင့် ပတ်သက်၍ လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ဒေသတွင်း ဗုဒ္ဓဘာသာနိုင်ငံများအကြား ဗုဒ္ဓသာသနာထွန်းကားမှုတွင် စံနမူနာဖြစ်သည့် မြန်မာနိုင်ငံသို့ လာရောက်ရခြင်းအပေါ် ပျော်ရွှင်ကျေနပ်မိကြောင်း၊ အိမ်နီးချင်းကောင်းဖြစ်သည့် မြန်မာနှင့် ကူးသန်းဆက်သွယ်နိုင်မှု ပိုမိုဆောင်ရွက်နိုင်ရေးစိတ်အားထက်သန်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
Posted on Feb 27, 2026ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း
Posted on Feb 27, 2026ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း
အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
Posted on Feb 26, 2026အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
