လူရည်ချွန်စခန်းအသီးသီးမှ လူရည်ချွန်ကျောင်းသားကျောင်းသူများ သက်ဆိုင်ရာ ယွန်းပညာကောလိပ် (ပုဂံ)၊ ရွှေသောင်ယံမြို့ SeaLake အပန်းဖြေစခန်းများနှင့် အင်းလေးကန်အတွင်းရှိ တန်ခိုးကြီးဘုရားများသို့ အသီးသီးသွားရောက်လေ့လာ

လူရည်ချွန်စခန်းအသီးသီးမှ လူရည်ချွန်ကျောင်းသားကျောင်းသူများ သက်ဆိုင်ရာ ယွန်းပညာကောလိပ် (ပုဂံ)၊ ရွှေသောင်ယံမြို့ SeaLake အပန်းဖြေစခန်းများနှင့် အင်းလေးကန်အတွင်းရှိ တန်ခိုးကြီးဘုရားများသို့ အသီးသီးသွားရောက်လေ့လာ


Ministry of Information/ Naypyitaw / April 30, 2024
image_latest


နေပြည်တော် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ သီရိဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီး၊ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် ပုဂံနန်းတော်ရာနှင့် ဦးဘငြိမ်းယွန်းထည်လုပ်ငန်းတို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ယွန်းပညာကောလိပ်(ပုဂံ)ရှိ ယွန်းနှီးစဉ်ယွန်းလုပ်ငန်း လက်တွေ့ခန်းမ၌ မြန်မာ့လက်မှုယွန်းလုပ်ငန်းအဆင့်ဆင့်ပြုလုပ်နေပုံတို့ကို လေ့လာကြပြီး တာတန်ရှိသူတစ်ဦးက ရှင်းပြရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြသည်။ လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ယွန်းကောလိပ်ကျောင်းဝင်းအတွင်းရှိ ယွန်းခန်းမအတွင်းပြသထားသည့် ခေတ်အဆက်ဆက်ယွန်းပစ္စည်းများ၊ ယွန်းပစ္စည်းအရောင်းပြခန်းတို့အား လေ့လာကြသည်။ ဆက်လက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ သွားရောက်၍ ပြတိုက်ကြီး အတွင်းပြသထားသည့် ပြခန်းများကိုလေ့လာကြရာ တာဝန်ကျဝန်းထမ်းများမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည်များကို ရှင်းပြကြသည်။

ဆက်လက်၍ သီရိဇေယျဘူမိပုဂံရွှေနန်းတော်နှင့် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် နန်းတော်ရာတူးဖော်ထားသည့် Open Museum အား လူရည်ချွန် ကျောင်းသား ကျောင်းသူများ လေ့လာကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက ရှင်းပြကြသည်။ ဆက်လက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း မြန်မာ့လက်မှု ယွန်းထည်လုပ်ငန်းနှင့် အရောင်းပြခန်းသို့ လေ့လာကြသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ Sea&Lake အပန်းဖြေစခန်းသို့ ယနေ့နံနက် (၇) နာရီအချိန်က ဒွါဒသမတန်း လူရည်ချွန်စခန်း (ချောင်းသာ)မှ လူရည်ချွန်မောင်မယ်များ လာရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒွါဒသမတန်းလူရည်ချွန်မောင်မယ်များ ရွှေသောင်ယံ Sea&Lake စခန်းသို့ လာရောက်လည်ပတ်ကြရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးနှင့်အတူ ကြီးကြပ်ဆရာ၊ ဆရာမများလိုက်ပါကြပြီး ဒွါဒသမတန်းလူရည်ချွန် မောင်မယ်များ(၁၃၂)ဦးမှ အပန်းဖြေစခန်းအတွင်းရှိ ဒီရေတော၊ကျောက်စိမ်း ပြတိုက်၊ပန်းပုရုပ်ထုပြတိုက်၊ အသဲတစ်ရာ၊ Zipline စသည်နေရာများ သို့သွားရောက်ကာ လေ့လာလည်ပတ်လေ့လာခဲ့ကြကြောင်း သိရသည်။

ထိုသို့လူရည်ချွန်မောင်မယ်များ လာရောက်လည်ပတ်ကြရာ သို့ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ဌာနဆိုင်ရာများ၊ Sea&Lake အပန်းဖြေစခန်းမှ တာဝန်ရှိသူများမှ ကြိုဆိုပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ဖွင့်လှစ်ထားသည့် တောင်ကြီး လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်လေးများနှင့် ကြီးကြပ်အုပ်ချုပ်သူဆရာ၊ ဆရာမများသည် ယနေ့နံနက်ပိုင်းတွင် စုရပ်စခန်းမှထွက်ခွာရာ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဟိုတယ်ဇုန်စက်လှေဆိပ်သို့ ရောက်ရှိကြရာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူလေးများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပန်းကုံးများစွပ်၍လည်းကောင်း၊ အိုးစည်ဗုံမောင်းများတီးခတ်ပြီး ကိန္နရီကိန္နရာ၊ တိုးနယားအကများဖြင့်လည်းကောင်း၊ အလံငယ်များဝေ့ယမ်း၍လည်းကောင်း ကြိုဆိုခဲ့ကြသည်။

ရှေးဦးစွာ လူရည်ချွန်မောင်မယ်လေးများသည် ဟဲယာရွာမကျေးရွာရှိ စိန်သမာဓိငွေပန်းထိမ်လုပ်ငန်းအား လေ့လာကြသည်။

၎င်းနောက် လူရည်ချွန်မောင်မယ်လေးများသည် ခင်းကျင်းပြသထားသည့် ငွေထည်ပစ္စည်းများ၊ ရိုးရာအဝတ်အထည်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက်လူရည်ချွန် မောင်မယ်များသည် အ.ထ.က သာလေးတွင်း နေ့လည်စာသုံးဆောင်ကြပြီး အင်းလေးဖောင်တော်ဦးကျောင်တော်သို့ သွားရောက်ဖူးမျှော်ကြကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။

ထို့နောက်လူရည်ချွန်မောင်မယ်လေးများသည် နန်းပန်ကျေးရွာရှိ အလိုတော်ပေါက်ဘုးရားသို့ သွားရောက်ဖူးမျှော်ကြည်ညိုကြ၍ ပန်း၊ ရေချမ်းနှင့် အလှူငွေများ လှူဒါန်းပူဇော်ခဲ့ကြပြီး ဘုရားကုန်းတော်တစ်ပတ် လေ့လာလည်ပတ်ကြကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြသည်။

မွန်းလွှဲပိုင်းတွင် အလိုတော်ပေါက်ဘုရားမှ စက်လှေများဖြင့် ပြန်လည်ထွက်ခွာကြရာ ညောင်ရွှေမြို့သို့ရောက်ရှိပြီး ညောင်ရွှေမြို့မှတစ်ဆင့် တောင်ကြီးလူရည်ချွန်စခန်းသို့ ဆက်လက်ထွက်ခွာခဲ့ကြကြောင်း သိရှိရသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ မေ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 22, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on May 21, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,