သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲ ကျင်းပ
သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / October 31, 2025
 
ရန်ကုန် အောက်တိုဘာ ၃၀
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ingo PEACE.(Japan) တို့ပူးပေါင်း၍ သားအိမ်ခေါင်း ကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဒုတိယဥက္ကဋ္ဌများ၊ တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာယဉ်ယဉ်ထွန်းနှင့် ဆရာ ဆရာမများ၊ ingo PEACE.(Japan) မှ ဒေါက်တာ ပီတာငွန်ဇကျုံးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက နှုတ်ခွန်းဆက်စကားနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကုသမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌတို့က နှုတ်ခွန်း ဆက်စကားပြောကြားကြသည်။
ယင်းနောက် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာယဉ်ယဉ်ထွန်းက သားအိမ်ခေါင်းကင်ဆာ စမ်းသပ်စစ်ဆေးခြင်း ကုသပေးခြင်းအား ရှင်းလင်း တင်ပြပြီး ingo PEACE.(Japan) မှ ဒေါက်တာပီတာငွန်ဇကျုံးက ကျေးဇူးတင်စကား ပြောကြား သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး လေးထပ်တိုးချဲ့ဆောင်တွင် သားအိမ်ခေါင်းကင်ဆာစမ်းသပ်စစ်ဆေးခြင်း၊ ကုသခြင်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု ကြသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ယနေ့မှစတင်၍ နိုဝင်ဘာ ၇ ရက်အထိ အမျိုးသမီးဦးရေ ၅၀၀ ခန့်ကို အပတ်စဉ် ကြာသပတေး၊ သောကြာနေ့များတွင် အခမဲ့ စစ်ဆေး၊ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Posted on Oct 31, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Posted on Oct 30, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 29, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Posted on Oct 28, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 26, 2025
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသတင်းကြေညာချက်
Posted on Oct 30, 2025၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၅ ခုနှစ်၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၆) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပါသည်။
မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း
Posted on Oct 29, 2025မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Oct 29, 2025 
                             
                                
