ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများရှင်းလင်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများရှင်းလင်း


Ministry of Hotel & Tourism/ နေပြည်တော် / April 24, 2024


နေပြည်တော် ဧပြီ ၂၃

ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်များအဖြစ် သွားရောက်၍ရရှိခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းအမှုထမ်းများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ အရာထမ်း အမှုထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် E-government ဌာနခွဲမှညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့် လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်တို့က တရုတ် ပြည်သူ့သမ္မတနိုင်ငံ မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၁၅)ကြိမ်မြောက် မကာအိုခရီးသွားလုပ် ငန်း အင်စတီကျုနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ဖိုရမ် ၂၀၂၃ သို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံများ ကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များကို မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်လာစေရေးအတွက် ပြည်တွင်း/ ပြည်ပနိုင်ငံများရှိ သင်တန်း၊ အစည်းအဝေးများနှင့် နိုင်ငံ တကာပြပွဲများသို့ စေလွှတ်တက်ရောက်စေလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့်အခြေအနေများကို သိရှိနားလည်ကြရန် လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံ များမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို လေ့လာမှတ် သားပြီး မိမိနိုင်ငံနှင့် ကိုက်ညီမှု ရှိသည်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နေပြည်တော်၌ မိုက်စ်(MICE)ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက-အသင်းအဖွဲ့များ ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား ကဏ္ဍပုံရိပ်ကို နိုင်ငံတကာမှ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းကြိုးစားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Posted on May 06, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on May 05, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024
AnnouncementsExplore more >

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

Posted on May 5, 2024

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Posted on May 3, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

HOT NEWS
January 4,