အကြမ်းဖက် အဖျက်လမ်းစဉ်ကို စွန့်လွှတ် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် နိုင်ငံအကျိုးပြု

အကြမ်းဖက် အဖျက်လမ်းစဉ်ကို စွန့်လွှတ် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် နိုင်ငံအကျိုးပြု

Ministry of Information/ Naypyitaw / April 24, 2026
image_latest

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုရလဒ်များအရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းကို ရွေးချယ်ခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ပြီး မတည်မငြိမ်ဖြစ်စေရန် CRPH နှင့် NUG အမည်ခံ အဖွဲ့ များ၏ သွေးထိုးလှုံ့ဆော်မှုဖြင့် PDF အဖွဲ့များ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ဖော်ပြပါ အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်ခဲ့သော ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်းမှ ဖြစ်စဉ်များကို ပြန်ကြည့်လျှင် PDF များမှာ အသုံးချခံ၊ အခိုင်းခံ၊ ထိုးကျွေးခံများသာဖြစ်ခဲ့ပြီး အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကြရသည်ကို တွေ့ရှိနိုင်သည်။ တော်လှန်ရေးဟူသော ခေါင်းစဉ်ကိုတပ်၍ ထောက်ပို့ဟူသော အမည်ခံထားကြသူများက အလှူခံငွေရှာကြရာတွင် PDF များမှာ ပြစားစရာ သတ္တဝါများအဖြစ် အသုံးချခံခဲ့ကြရသည်။ စာရင်းအင်းမရှင်းနိုင်သည့် သန်းနှင့်ချီသော အလှူခံရရှိငွေများမှာ PDF တို့ထံ မည်မျှရောက်ရှိသွားသည်ကို မည်သူမျှ မသိနိုင်သော်လည်း ပြည်ပနေထောက်ပို့ဆိုသူများမှာမူ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုပြည်ကြွယ်ဝလာကြပြီး ကားပိုင်၊ အိမ်ပိုင်၊ တိုက်ခန်းပိုင်၊ လုပ်ငန်းပိုင်များနှင့် ကြီးပွားချမ်းသာလာကြသည်။ တော်လှန်ရေးဟူသည် ၎င်းတို့အဖို့ ဝင်ငွေရလမ်းအရင်းအမြစ်ကြီး ဖြစ်သည့်အလျောက်မည်သည့်အခါမှ မပြီးစေလိုသူများ ဖြစ်သည်။
 မြေပြန့်ဒေသမှ PDF များကို EAO အချို့က ရည်ရွယ်ချက်ရှိရှိ လက်သင့်ခံမွေးမြူကြကာ တိုက်ပွဲများတွင် ရှေ့တန်းကျကျနေရာမှ အသေခံတိုက်ခိုင်းခဲ့ကြသည်မှာလည်း PDF တို့ကြားမှာ နာကြည်း ဖွယ်ရာများ ဖြစ်ခဲ့သည်။ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုနှင့် ၎င်းတို့ စိုးမိုးရာနယ်မြေတွင် ကိုယ်ထိလက်ရောက် အနိုင်ကျင့်ဗိုလ်ကျမှုများကိုလည်း ဆိုရှယ်မီဒီယာများပေါ်အထိ ရောက်လာသည်ကို တွေ့ကြရသည်။ PDF အမျိုးသမီးငယ်အချို့ လိင်ကျွန်အဖြစ် အသုံးချခံရမှု၊ လက်စဖျောက်သတ်ဖြတ်ခံရမှုများအထိ တရားဥပဒေမဲ့ပြုကျင့်ခံကြရကြောင်းတို့မှာလည်း ဖုံးဖိ၍မရနိုင်သည့် အမှောင်ဇာတ်လမ်းများအဖြစ် ပေါ်ပေါက်ခဲ့သည်။ EAO များအနေဖြင့် PDF များကို လက်နက်များ၊ သင်တန်းများ စသည်ဖြင့် ထောက်ပံ့မှုများပေးပြီး ၎င်းတို့စိုးမိုးလှုပ်ရှားရာ နယ်မြေများ လုံခြုံရေးအတွက် ကြားခံဇုန်များအဖြစ် အသုံးချမှုများကိုလည်း ထင်ထင်ရှားရှား တွေ့နေရသည်။

PDF အချင်းချင်းကြားတွင်လည်း အထက်လူနှင့် အောက်လူများကြား အာဏာပြမှုများ၊ အနိုင်ကျင့်မှုများ၊ မတော်မတရားပြုမှုများ ရှိနေကြောင်း မကြာခဏပေါ်ထွက်လာနေပြီး ခေါင်းဆောင်ပိုင်းများ ဥပဒေမဲ့ နည်းလမ်းအမျိုးမျိုးဖြင့် ကြွယ်ဝချမ်းသာလာနေကြသည်ကိုလည်း PDF အဖွဲ့ဝင်အချို့ကြားတွင် သိရှိလာနေကြသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ PDF များမှာ ဝန်ထုပ်ဝန်ပိုး သဖွယ်ဖြစ်လာရာ ဒေသခံပြည်သူ၏ ထောက်ခံမှုနှင့် ထောက်ပံ့မှုတို့ ကျဆင်းလာသလို ဒေသအချို့တွင် ပဋိပက္ခများပင် ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရသည်။ ယင်းအခြေအနေများအပေါ် သိနားလည်လာကြသည့် PDF အဖွဲ့ဝင်များမှာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်လာကြရာ ၂၀၂၄ ခုနှစ်အတွင်းမှစကာ ဥပဒေဘောင်အတွင်းဝင်ရောက်မှုများ တစ်စတစ်စပိုမိုများပြားလာသည်။

“ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ ရက် ၁၀၀ နဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်။ ခုနကပြောတဲ့ PDF နဲ့ပတ်သက်ပြီးတော့ PDF ကတော့ ကျွန်တော်တို့ ဒီတွေ့ဆုံ ဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာ ရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီးရှိပါတယ်။ လပခ နယ်မြေတို့၊ တပခ နယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေ အများကြီးပဲရှိတယ်။ လပခကတော့ ပိုများတာပေါ့။ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာ တွေ ရှိပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။” ဟူ၍ ဧပြီ ၂ဝ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုနှင့် PDF အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုမှု အခြေအနေများက နိုင်ငံတည်ငြိမ်အေးချမ်းမှုကို မလိုလားသူတို့အဖို့ သတင်းဆိုးဖြစ်သော်လည်း နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းစေလိုသူ၊ ဖွံ့ဖြိုးတိုးတက်စေလိုသူ ပြည်သူလူထု များအဖို့ သတင်းကောင်းဖြစ်သည်။

တိုးတက်ပြောင်းလဲဖြစ်ပေါ်နေသည့် နိုင်ငံ၏ ပကတိအခြေအနေများအရ မိမိတို့၏ အဖိုးတန်သော လူငယ်ဘဝကို နိုင်ငံတည်ဆောက်ရေးတွင် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်နိုင်ကြရေးအတွက် အကြမ်းဖက်အဖျက်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ကြပါစေကြောင်း။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။

Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။

Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။

Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။

Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။

Posted on Apr 14, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆