အင်းစိန်ဂျီတီအိုင်၌ EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ

အင်းစိန်ဂျီတီအိုင်၌ EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ


Ministry of Information/ Naypyitaw / March 14, 2026
image_latest


နေပြည်တော် မတ် ၁၃

EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ Hybrid စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသားရေး ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်သာယာလှပရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေသည့် အစိမ်းရောင်စွမ်းအင်သုံးစွဲမှုမြှင့်တင်နိုင်ရေး၊ ပြည်သူများခေတ်မီလျှပ်စစ်ကား (EV) များကို တန်းတူသုံးစွဲနိုင်မှုမှသည် အကျိုးကျေးဇူးများ ရရှိနိုင်ရေးတို့အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ် လမ်းပြမြေပုံနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းကော်မတီငါးခုက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့သင်တန်းဆင်းပွဲသည် ရလဒ်ကောင်းတစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း။

သင်တန်းတာဝန်ခံများသည် သင်တန်းဆင်းများ၏ လုပ်ငန်းခွင်၌ ဆက်လက်အသုံးချမှုနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မှုများဆိုင်ရာ အချက်အလက်များ မှတ်တမ်းထားရှိရန်နှင့် ပြည်သူများနှင့် EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်၊ တက်ရောက်နိုင်မှုတို့နှင့်အညီ စိတ်ကြိုက်သင်တန်းများကို အရည်အသွေး စံနှုန်းပြည့်မီစွာ ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

သင်တန်းဆင်းများသည် EV နည်းပညာများကို လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်နှင့် လုပ်ငန်းတူ မိတ်ဆွေများကို ပြန်လည်မျှဝေရန်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် သင်တန်းမှပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ်လေ့လာသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းဆရာများထံ ဂုဏ်ပြုလက်မှတ်များနှင့် သင်တန်းဆင်းများထံ သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများကိုယ်စား သင်တန်းအတွေ့အကြုံနှင့် ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါသင်တန်း၌ EV Mec-hanics လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူ မော်ကျူးများဖြင့် သင်တန်းကာလ ငါးရက်၊ သင်တန်းချိန် နာရီ ၃၀ ပို့ချခဲ့ပြီး သင်တန်းသို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူသုံးဦး၊ ကားဝပ်ရှော့များမှ သင်တန်းသား ၁၇ ဦးနှင့် ဌာနဆိုင်ရာ သင်တန်းသားငါးဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026
AnnouncementsExplore more >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း