အင်းစိန်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲ၊ စာပေဟောပြောပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားများ ပြုလုပ်

အင်းစိန်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲ၊ စာပေဟောပြောပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားများ ပြုလုပ်


Ministry of Information/ Naypyitaw / January 22, 2025
image_latest


ရန်ကုန် ဇန်နဝါရီ ၂၁

အင်းစိန်မြို့နယ် စာရေးဆရာအသင်းကကြီးမှူးပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များပူဇော်ပွဲ၊ စာပေဟောပြောပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားများကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ အင်းစိန်မြို့နယ်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် အသက် ၇ဝ နှင့်အထက် သက်ကြီးကန်တော့ခံ စာပေပညာရှင် ၁၆ ဦးအား ကန်တော့ခံပစ္စည်းနှင့် ကန်တော့ငွေများ ပေးအပ်ပူဇော်ကန်တော့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာရေးအတွက် လူငယ်လူရွယ်များ၏ အခန်းကဏ္ဍ၊ စာရေးဆရာ ချစ်ညွန့်ကျော်က သုတ၊ရသစာပေများ ဖတ်ရှုလေ့လာရေးတို့နှင့်စပ်လျဉ်း၍ စာပေရေးရာများကို ဟောပြောကြသည်။

ထို့နောက် အင်းစိန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ တော်မြင့် (ငှက်ဖျား) နှင့်အတွင်းရေးမှူး ရန်မိုးအောင် (အင်းစိန်) တို့က ကန်တော့ပွဲကျင်းပရခြင်း ရည်ရွယ်ချက်၊ အလှူရှင်ကိုဝေဖြိုးက လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် သက်ကြီးကန်တော့ခံ စာရေးဆရာကြီးဥဂ္ဂါညိုက ဆုံးမဩဝါဒစကားများ ပြောကြားကြသည်။

တက်ရောက်ကြသူများ

အဆိုပါ အခမ်းအနားတွင် အင်းစိန်မြို့နယ် စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး စာပေဗိမာန်စာမူဆုများရှင် စာရေးဆရာမတက္ကသိုလ်မြမဉ္ဇူက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တက်ရောက်ကြသူများအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 22, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Jan 21, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Jan 19, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 19, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


Posted on Jan 18, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။


Posted on Jan 18, 2025
AnnouncementsExplore more >

ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း

Posted on Jan 21, 2025

ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း

နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း

Posted on Jan 20, 2025

နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၂၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Jan 20, 2025

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။