အဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်ပွဲပြုလုပ်

အဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်း(ငွေဆောင်)နှင့် အဆင့်မြင့်ပညာနှင့်အခြေခံပညာ လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်ပွဲပြုလုပ်


Ministry of Information/ Naypyitaw / May 07, 2026
image_latest


နေပြည်တော် မေ ၇

ဧရာဝတီတိုင်းဒေသကြီး၌ အဆင့်မြင့်ပညာနှင့်အခြေခံပညာလူရည်ချွန်စခန်း (ငွေဆောင်)အား ငွေဆောင်မြို့ ယမုံနာဦးဟိုတယ်၌လည်းကောင်း၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာလူရည်ချွန်စခန်း (ချောင်းသာ)အား ချောင်းသာမြို့ Akariz Garden Resort ၌လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ဖွင့်ပွဲများပြုလုပ်ကြရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာမှလူရည်ချွန်မောင်မယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆင့်မြင့်ပညာနှင့်အခြေခံပညာလူရည်ချွန်စခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လူရည်ချွန်မောင်မယ်များက မြန်မာ့ကျောင်းနှင့် စခန်းနွေမွန်လူရည်ချွန် သီချင်းများဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြာပြီး လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ လူရည်ချွန်မောင်မယ်များက လက်ခံရယူကြသည်။

ဆက်လက်ပြီး အဆင့်မြင့်ပညာနှင့်အခြေခံပညာလူရည်ချွန်စခန်းများမှ တာဝန်ခံစခန်းမှူးများက စခန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများမှ စခန်းအသီးသီးရှိ ကိုယ်စားပြုလူရည်ချွန်မောင်မယ်များအား ရင်ထိုးတံဆိပ်များချီးမြှင့်ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် ပုသိမ်တက္ကသိုလ် အနုပညာအသင်း ကျောင်းသား၊ ကျောင်းသူများမှ တက်ရောက်လာကြသူများအား တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးတို့က လူရည်ချွန်မောင်မယ်များနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Posted on May 05, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Posted on May 7, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...

Posted on May 7, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...

Posted on May 7, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)