အမျိုးသားယဉ်ကျေးမှုအမွေအနှစ် မြန်မာ့တိုင်းရင်းဆေးနှင့် ဆေးပညာ

အမျိုးသားယဉ်ကျေးမှုအမွေအနှစ် မြန်မာ့တိုင်းရင်းဆေးနှင့် ဆေးပညာ


Ministry of Information/ Naypyitaw / December 14, 2025
image_latest


ဒေသနာနယ၊ နက္ခတ္တနယ၊ ဘေသဇ္ဇနယနှင့် ဝိဇ္ဇာဓရနယဟူသော နယကြီးလေးပါးအနက် တစ်ပါးပါးနှင့် အကျုံးဝင်၍ အသက်ရှည်ရာ အနာမဲ့ကြောင်း ပြုစုနိုင်သည့် ဆေးပညာမှာ မြန်မာ့တိုင်းရင်းဆေးပညာပင်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ ကုန်းဘောင်စသည့် ခေတ်အဆက်ဆက်တွင် ထွန်းကားလာခဲ့ပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အားထားယုံကြည်သုံးစွဲခဲ့ကြသည့် ဆေးပညာလည်း ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့သည်ဆိုသည့်တိုင် ၎င်းအဆိုကို သက်သေပြနိုင်သည့် ခိုင်မာသော အထောက်အထား တစ်စုံတစ်ရာမတွေ့ရသေးဘဲ အစောဆုံး အထောက်အထားအဖြစ် ပုဂံဒေသရှိ အင်းဝခေတ်ထိုး ကျောက်စာတစ်ချပ်တွင် တွေ့ရသည်။ ၎င်းကျောက်စာကို တက်နွယ် ကျောင်း ကျောက်စာဟုခေါ်ပြီး ဝက်ကြီးအင်းအရပ်၊ အရှေ့ကုန်းရွာ၊ မိုးညှင်းကျောင်းတိုက်မြောက်ဘက်၌ တွေ့ရှိနိုင်သည်ဟု သိရသည်။ အဆိုပါကျောက်စာတွင် နရပတိမင်းလက်ထက် တောင်တွင်းမင်း သီရိဇေယျသူရဇနီးမောင်နှံတို့လှူဒါန်းသည့် ပစ္စည်းစာရင်း၌ ဗုဒ္ဓပိဋကတ်တော်များအပြင် အာယုဗ္ဗေဒဆေးကျမ်းအများအပြားကိုပါ ပေးလှူကြောင်း ဆေးကျမ်းအမည်များနှင့်တကွ ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ၎င်းတို့၏ ရေ၊ မြေ၊ ရာသီ ဥတုနှင့် ရိုးရာဓလေ့ထုံးစံများအလိုက် တိုင်းရင်းဆေးဝါးများ၊ တိုင်းရင်းဆေးကုထုံးများ ကိုယ်စီရှိကြရာ လူမျိုးအသီးသီးတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များပင်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့ရေ၊ မြန်မာ့မြေပေါ်တွင် နှစ်ပေါင်းရှည်ကြာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး သိမ်မွေ့နက်နဲသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၊ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် ဆေးကျမ်းများ၊ အာနိသင်ထက်မြက်သည့် ဆေးဝါးများ၏ အနှစ်သာရအဆီအနှစ်များကို စုစည်းပြီး အမျိုးသားအမွေအနှစ်ဆေးပညာရပ်တစ်ရပ်အဖြစ် ဖြစ်ထွန်းရပ်တည်နေစေရန် တိုင်းရင်းဆေးလောကသားများ၏ စုပေါင်းစွမ်းအားဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများကို ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ်ဆောင်းရာသီအခါသမယ၌ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၂၄) ကြိမ်မြောက်အဖြစ် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ခြင်းသည် မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်ခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ်သည့် ဝန်ကြီးဌာနများမှ ပညာရှင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ တိုင်းရင်းဆေးသမားတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း စသည့်ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ်များ ဆုံစည်းဆွေးနွေးနှီးနှောဖလှယ်ခွင့်ရကြပြီး မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးလောကသားများ၏ စည်းလုံးညီညွတ်မှုဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ နှုန်းမီစံကိုက်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် အစွမ်းထက်မြက်သည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ၊ ကုသနည်းကုထုံးများ ထွက်ပေါ်လာရေး၊ အစွမ်းထက်မြန်မာ့ တိုင်းရင်းဆေးဝါးများဖြင့် ပြည်သူလူထုကို အကျိုးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် စွမ်းဆောင်နိုင်ကြပါစေကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026
AnnouncementsExplore more >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း