အိန္ဒိယနိုင်ငံဗဟိုဘဏ်က ကြီးမှူးကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဗဟိုဘဏ်များ၏ ကိုဗစ်အလွန် မူဝါဒပိုင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်

အိန္ဒိယနိုင်ငံဗဟိုဘဏ်က ကြီးမှူးကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဗဟိုဘဏ်များ၏ ကိုဗစ်အလွန် မူဝါဒပိုင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်


Ministry of Information/ Naypyitaw / November 24, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၂၃

အိန္ဒိယသမ္မတနိုင်ငံ မွမ်ဘိုင်းမြို့တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အိန္ဒိယဗဟိုဘဏ် (Reserve Bank of India) က ကြီးမှူးကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဗဟိုဘဏ်များ၏ ကိုဗစ်အလွန်မူဝါဒ ပိုင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) မှ နိုင်ငံများဖြစ်သည့် အိန္ဒိယ၊မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ၊ မိုဇမ်ဘစ်၊ မဒါဂတ်စကားနှင့် ဇင်ဘာဘွေနိုင်ငံတို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး အိန္ဒိယဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ Head of Reserve Management Department ဌာနမှ အကြီးအကဲများ၊ ReserveBank of South Africa ၊ Bank of Namibia နှင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဗဟိုဘဏ်အဆင့်မြင့်အရာ ထမ်းများ၊ နိုင်ငံတကာမှ ဘဏ်နှင့်ပတ်သက်သည့် ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး Panel Session ခုနစ်ခုကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများတွင် ကိုဗစ် - ၁၉ ကပ်ရောဂါမဖြစ်ပေါ်မီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့်အချိန်အတွင်း နိုင်ငံ၏စီးပွားရေးလည်ပတ်မှုကောင်းမွန်စေရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရန် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ကိုဗစ်အလွန်ကာလတွင် နိုင်ငံတိုင်းသည် ငွေကြေးဖောင်းပွမှုနှုန်းနှင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုရှိသည့် ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရန်ဆောင်ရွက်ခဲ့သည့် အခြေအနေများပေါ်မူတည်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မျှတမှုရှိစေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုဘဏ်များ၏ ငွေကြေးမူဝါဒဆိုင်ရာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ တိုးမြှင့်ဆောင်ရွက်ခြင်းမှတစ်ဆင့် စီးပွားရေးစနစ်အပေါ် အကျိုးသက်ရောက်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌများအကြား မူဝါဒပိုင်းဆိုင်ရာ အတွေ့အကြုံများဖလှယ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နိုင်ငံခြားအရန်ငွေထိန်းသိမ်းထားရှိမှုဆိုင်ရာ စီမံခန့်ခွဲခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြပ်မတ်ကွပ်ကဲ သည့်လုပ်ငန်းစဉ်များနှင့် ကြုံတွေ့ရသည့်စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ AI နည်းပညာ၏ ငွေရေးကြေးရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် ဒစ်ဂျစ်တယ်ငွေကြေးများ၏ အကျိုးသက်ရောက်မှုများခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ မူဝါဒဆိုင်ရာဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေး ခိုင်မာတောင့်တင်းမှုအခြေအနေအပေါ် ဆန်းစစ်ပြီး စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်စေသည့် လိုအပ်သော Policy ပံ့ပိုးမှုများဖြစ်သည့် ဈေးကွက်ပြန်လည်ရှင်သန်နိုင်ရေးအတွက် အတိုးနှုန်းမြှင့်တင်ခြင်းမပြုလုပ်ခဲ့ဘဲ ငွေရေးကြေးရေးကဏ္ဍ ခိုင်မာမှုအပေါ်မူတည်၍ သီးသန့်ငွေအချိုးမြှင့်တင်ခြင်း၊ ငွေကြေးလွယ်ကူမှုအတွက် SWAP/Repo Facilityများ ပံ့ပိုးပေးခဲ့သည့်အခြေအနေများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်က ဝင်ရောက်ထိန်းကျောင်းဆောင်ရွက်ခဲ့သည့် Intervention ပုံစံများ၊ ပြည်ပကုန်သွယ်မှုတွင် External Factors များ ကျော်လွှားနိုင်ရန် Dedollarization ကို အလေးထားဆောင်ရွက်ခဲ့ပြီး အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့ဖြင့် ဒေသတွင်းသုံးငွေကြေးများဖြင့် ပြောင်းလဲကျင့်သုံးခဲ့သည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသူများက မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် Local Currency Settlement အသုံးပြုဆောင်ရွက်နေမှု မေးမြန်းချက်အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် အိန္ဒိယသမ္မတနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် Bilateral အစည်းအဝေးတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် ဗဟိုဘဏ်ဝန်ထမ်းများ၏ Capacity Building ဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုပြုရာတွင် Local Currency Settlement ဖြင့် တိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 24, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Posted on Nov 23, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Posted on Nov 21, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 20, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on Nov 19, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Posted on Nov 18, 2024
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း

Posted on Nov 22, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း

အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Nov 22, 2024

အလုပ်လျှောက်လွှာခေါ်ယူခြင်း

HOT NEWS
January 4,