အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီးနှင့်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး စီးပွားရေးနှင့် ကုမ္ပဏီလုပ်ငန်းရှင်များအား စိတ်အေးချမ်းမှုကျင့်စဉ်များ ဆွေးနွေးဟောပြော

အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီးနှင့်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး စီးပွားရေးနှင့် ကုမ္ပဏီလုပ်ငန်းရှင်များအား စိတ်အေးချမ်းမှုကျင့်စဉ်များ ဆွေးနွေးဟောပြော


Ministry of Information/ Naypyitaw / February 09, 2025
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၈

ရန်ကုန်မြို့၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး Sri Sri Shankar သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatirium Hotel ၊ The Grand Ballroom ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စိတ်အေးချမ်းမှုကျင့်စဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောသည်။

အခမ်းအနားသို့ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် လေ့လာသူများတက်ရောက်ကြသည်။

ဗီဒီယိုဖိုင်ပြသ

ဦးစွာ ကမ္ဘာကြီးတွင် လိုအပ်သောငြိမ်းချမ်းမှုအတွက် မေတ္တာတရားများ မွေးမြူရန်လိုအပ်မှုနှင့် ကျန်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိနိုင်စေသော ရှုမှတ်မှုကျင့်စဉ်များနှင့်စပ်လျဉ်းသည့် ဗီဒီယိုဖိုင်ကိုပြသသည်။

ထို့နောက် ဂုရုကြီးအား အိန္ဒိယသံအမတ်ကြီးနှင့် တာဝန်ရှိသူတို့က ဂါရဝပြုပန်းစည်းများ ပေးအပ်သည်။

ယင်းနောက် ဂုရုကြီးက စိတ်ပိုင်းဆိုင်ရာစွမ်းအင်ကြီးမားမှု၊ ဘဝတွင်ကြုံတွေ့ရသော အခက်အခဲများကို စိတ်ဖြင့်ထိန်းချုပ်၍ အောင်မြင်စွာကျော်ဖြတ်နိုင်မှု၊ တရားထိုင်ခြင်းဆိုင်ရာများ၊ ငြိမ်းချမ်းမှုကိုရရှိစေရန် စိတ်နှလုံးတည်ငြိမ်အေးချမ်းမှုကို စတင်မွေးမြူပျိုးထောင်ပေးမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများနှင့်အတူ တရားထိုင်မှုကျင့်စဉ်ကို လက်တွေ့ပြသကာ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ရှင်းလင်းဖြေကြားသည်။

ဆီမီးထွန်းညှိပူဇော်

မွန်းလွဲပိုင်းတွင် ဂုရုကြီး Sri Sri Shankar သည် အမျိုးသား ဇာတ်ရုံ၌ကျင်းပသည့် တရားကျင့်စဉ်နှင့် အသိဉာဏ်ပွင့်လင်းမှုဆိုင်ရာ အခမ်းအနားသို့တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ နီပေါသံအမတ်ကြီး H.E.Mr Harish-chandra Ghimire ၊ ကမ္ဘောဒီးယားသံအမတ်ကြီး H.E CHENG Manith နှင့် သီရိလင်္ကာသံအမတ်ကြီး H.E. Mrs Prabashini Ponnaperuma တို့နှင့်အတူ ဆီမီးထွန်းညှိပူဇော်သည်။

ဂါရဝပြု

ထို့နောက် ယောဂကျင့်စဉ် (Yoga) နှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူတို့နှင့်အတူ ယောဂကျင့်စဉ်ကိုပြသကာ “Celebrating Love” မြန်မာဘာသာပြန်စာအုပ်ကို မိတ်ဆက်ပေးသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ အိန္ဒိယရိုးရာအက၊ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး Art of Living ပရဟိတအဖွဲ့မှ ဂုရုကြီးအား ဂုဏ်ပြုသီချင်းဖြင့် ဂါရဝပြုသည်။

ကြိုဆိုနှုတ်ဆက်

ညပိုင်းတွင် ဂုရုကြီးနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဆီမီး၊ ပန်းနှင့်ရေချမ်းများ ဆက်ကပ်လှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အလှူငွေများပေးအပ်လှူဒါန်းရာ ဂုရုကြီးအား ဂေါပကအဖွဲ့က ရွှေတိဂုံ စေတီတော်မြတ်ပုံတော်ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။


Posted on Mar 14, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Posted on Mar 13, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 12, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Mar 11, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Posted on Mar 10, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Posted on Mar 09, 2025
AnnouncementsExplore more >

နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ

Posted on Mar 13, 2025

နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

Posted on Mar 11, 2025

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်

Posted on Mar 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

HOT NEWS
January 4,