ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / January 25, 2025
နေပြည်တော် ဇန်နဝါရီ ၂၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၁) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ပေးအပ်
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည့်အပြင် နိုင်ငံသားများ၊ ပြည်သူများမဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက်လည်းဖြစ်ကြောင်း၊ လူတိုင်းလူတိုင်းဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကာလတိုသင်တန်းဖြစ်သည့်အတွက် သင်တန်းကပို့ချပေးလိုက်သော သင်ခန်းစာများသည် သင်တန်းသား သင်တန်းသူများအတွက် ပြည့်စုံခြင်းမရှိသော်လည်း ဥပဒေအသိအမြင်များ ရရှိမည်ဟုယုံကြည်ကြောင်း၊ ယခုသင်တန်းက ရရှိသည့် ဥပဒေအသိအမြင်ဗဟုသုတများကို အခြေခံပြီး ဆက်လက်လေ့လာသင်ယူသွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်း သူ ၂၆ ဦး တက်ရောက်ခဲ့ကြပြီး ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
Posted on Feb 4, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း
Posted on Feb 4, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း