ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ မေဂျာပေါင်းစုံမောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ မေဂျာပေါင်းစုံမောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / January 10, 2025
ပုသိမ် ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နည်းပညာတက္ကသိုလ်(ပုသိမ်) ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနနှင့် သုတ နည်းပညာ အင်ဂျင်နီယာဌာနတို့မှကျောင်းသား၊ ကျောင်းသူများက“ပြည်ထောင်စုကြီး တို့မြန်မာ” သီချင်းဖြင့် ကပြဖျော်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ဒီရီကောလိပ်၊ သိပ္ပံကျောင်းများတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့ကိုလည်း နွေးထွေးစွာကြိုဆိုပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်ကို တည်ဆောက်ရာတွင် ပညာရေးဖြင့် ပုံဖော်တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်ကို ပျက်ပြားစေမည့် အနှောင့်အယှက်၊ အဟန့်အတားများကို ရင်ဆိုင်ကျော်လွှား၍ ရည်မှန်းထားသည့် ပညာရပ်နယ်ပယ်ကို ပေါက်မြောက်အောင်မြင်အောင် ကြိုးစားသင်ယူကြရန် မှာကြားလိုပါကြောင်း၊ မောင်တို့ မယ်တို့အနေဖြင့် မိမိနိုင်ငံနှင့်တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင် များဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအဓိကလုပ်ဆောင်နေသော တိုင်းဒေသကြီး ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသော နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများအား ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော နည်းပညာများကို ပံ့ပိုးပေးနိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း”နှုတ်ခွန်းဆက်အမှာစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)အတွက် ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က မောင်မယ် သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး နောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ မြို့ပြအင်ဂျင် နီယာဌာနနှင့် အီလက်ထရောနစ်အင်ဂျင်နီယာဌာနတို့မှ ကျောင်းသူလေးများက (ရတနာပုံ) သီချင်းဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
Posted on Jan 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jan 9, 2025