ဧရာဝတီတိုင်းဒေသကြီးဝန်ကြီ၏ချုပ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြုထုတ်ကုန်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီ၏ချုပ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြုထုတ်ကုန်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / January 10, 2025
ပုသိမ် ဇန်နဝါရီ ၉
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ တိုင်းဒေသကြီးကိုယ်စားပြုထုတ်ကုန်များ ပါဝင်ပြသယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ ထုတ်ကုန်များ၊ One Region One Product များ၊ ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်လုပ်ငန်းများ၊ ကြိမ်၊ ဝါး၊ ဗေဒါလုပ်ငန်းများ၊ ပီလောပီနံထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ မွေးမြူရေးလုပ်ငန်းနှင့် စက်မှုလက်မှုလုပ်ငန်းမှထွက်ကုန်များ အစရှိသည့် တိုင်းဒေသကြီးအတွင်းမှ ထွက်ကုန်များအား ပြသသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အရည်အသွေးပိုမို ကောင်းမွန်သည့် ကုန်ပစ္စည်းများကိုလည်း ကြိုတင်ရွေးချယ် ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့၏ ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထုတ်လုပ်မှုအဆင့်ဆင့်အား သေချာစွာရှင်းလင်းပြောကြား နိုင်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခရိုင်တာဝန်ခံများအနေဖြင့်လည်း မိမိတို့ခရိုင်အလိုက် ပြသမည့်ထုတ်ကုန်ပစ္စည်းများကို ရှင်းလင်းတင်ပြပေးကြစေလိုကြောင်းနှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက MSME ပြပွဲနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ယှဉ်ပြိုင်ရန်အတွက် စံသတ်မှတ်ချက်များ၊ One Region One Product (OROP) စီးပွားရေး လုပ်ငန်းများ ယှဉ်ပြိုင်ရန်အတွက် စံသတ်မှတ်ချက်များ၊ အမှတ်ပေးစည်းမျဉ်းသတ်မှတ်ချက်များ၊ MSME ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးမှ ခရိုင်အလိုက်ပါဝင်ယှဉ်ပြိုင်မည့် ပစ္စည်းများစာရင်းကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပါဝင်ပြသနိုင်ရေး ခရိုင်အလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ OROP ထုတ်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး“ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ပြသနိုင်ရေး အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သူများ အနေဖြင့်လည်း မိမိတို့၏ ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်မှု၊ ထုတ်လုပ်မှုစနစ်များကို သေချာရှင်းလင်းတင်ပြနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များကလည်း လိုအပ်သည်များကို ဝိုင်းဝန်း ပံ့ပိုးပေးကြစေလိုကြောင်း”ပြောကြားခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ပြသနိုင်ရေးအတွက် ခင်းကျင်းပြသ ထားသည့် ဒေသထွက်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရပါသည်။
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
Posted on Jan 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jan 9, 2025