ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / April 02, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


      ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မတ် ၃၀ ရက် ည ၁၁ နာရီ ၅၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အင်းရဲလမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သပြေကွင်းကျေးရွာမှ အင်းရဲလမ်းဆုံဘက်သို့ ဓနုဖြူ မြို့နယ်၊ ကျုံဘောကုန်းကျေးရွာနေ ဦးပြည့်ဖြိုးအောင်(၃၄)နှစ် မောင်းနှင်ပြီး ခနောင်ရိုက်ကျေးရွာနေသူများဖြစ်သည့် ဦးဆန်းမင်းအောင်(၃၄)နှစ်နှင့် ဦးမြတ်ကိုကိုမင်း(၃၄)နှစ်တို့ လိုက်ပါလာသော YGN-8/ 5K-XXXX Probox မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်း၌ တရားမဝင် သယ်ဆောင်လာသော ပရီမီယံဒီဇယ်ဆီ ကော်ပုံး ၈ ပုံး၊ စုစုပေါင်း ၅၂ ဂါလန်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြည့်ဖြိုးအောင်ပါ သုံးဦးအား ကျုံပျော်မြို့မရဲစခန်း (ပ)၁၈/၂၀၂၆၊ ရေနံနှင့်ရေနံထွက် ပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။