ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / April 29, 2026


ပုသိမ် ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယနေ့ တာဝန်ပေးအပ်မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် တိုင်းဒေသကြီးအတွက်သာမက အမျိုးသားရေးမျှော်မှန်းချက်ဖြစ်သည့် “ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး”ကို ဦးစားပေးဆောင်ရွက်ရန်လိုပါကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးကလည်း စိုက်ပျိုးမွေးမြူရေး အခြေခံဖြစ်သည်နှင့်အညီ အဓိက အားဖြင့် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်ရင်း စိုက်ပျိုးမွေးမြူရေး ထွက်ကုန် အခြေခံ MSME လုပ်ငန်းအများစုပါဝင်သည့် စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီး တို့ကို လည်း အချိတ်အဆက်မိမိတိုးတက်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ကဏ္ဍအလိုက် GDP ရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးအတွက် ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များနှင့် တိုင်းဒေသကြီး၏ မျှော်မှန်းချက်များရရှိရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သီးနှံစုံတစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ ပန်းတိုင် အထွက်နှုန်းမရောက်သေးသည့်သီးနှံများ ရောက်ရှိစေရေး၊ သက်ဆိုင်ရာဌာနများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအသီးသီးတို့က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် လိုပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းနှင့် တင်ဒါလုပ်ငန်းများကိုလည်း ညွှန်ကြားချက်၊ စည်းမျဉ်းများနှင့်အညီ အချိန်မီပြီးစီးရေး လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး တင်ဒါရွေးချယ်မှုက အစ လုပ်ငန်းပြီးစီးမှုများကို သက်ဆိုင်ရာဝန်ကြီးများကတစ်ဆင့် တိုင်းဒေသကြီးအစိုးအဖွဲ့ကို တင်ပြပေးရန် လိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ၊ တိုင်းဒေသကြီး၏ မျှော်မှန်းချက်များကို ခရိုင်နှင့်မြို့နယ်အဆင့် ကစ၍ အင်တိုက်အားတိုက် အားသွန်ခွန်စိုက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မိမိတို့ဒေသများတွင် သဘာဝဘေးဖြစ်ပါက ပျက်စီးဆုံးရှုံးမှုများအနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်စီမံမှုများ ဆောင်ရွက်ထားရန်လိုပါကြောင်း ”အမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်များကို လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများအား သက်ဆိုင်ရာခရိုင် များ၏ ဒေသန္တရစီမံကိန်း တာဝန်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Apr 28, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Posted on Apr 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Posted on Apr 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Posted on Apr 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။