ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ရောင်းချသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ရောင်းချသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / May 20, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၈ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် ရောင်းချသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်း မြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာနေ ဦးသန်းနိုင်(၅၄)နှစ်၏ နေအိမ်၌ တရားမဝင် စက်သုံးဆီများ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဦးသန်းနိုင်၏ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် သိုလှောင်ထားသည့် ဒီဇယ် ၄၅ ဂါလန်ပါ ပီပါ ၁၈ လုံး၊ ဓာတ်ဆီ ၄၅ ဂါလန်ပါ ပီပါ ၁၅ လုံး၊ အဖြူရောင်ဆီပန့် ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သန်းနိုင် အား မော်လမြိုင်ကျွန်းမြို့မရဲစခန်း (ပ) ၄၆/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကညင်ခဲကျေးရွာအနီး မော်လမြိုင်ကျွန်း-ရန်ကုန်ကားလမ်းဘေးရှိ ဆိုင်တစ်ဆိုင်၏ အဆောက်အအုံအတွင်း၌ တရားမဝင် စက်သုံးဆီများ ရောင်းချနေကြောင်း သတင်းအရ ကျိုက်ပိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်တာဝန်ခံ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ဦးနိုင်လင်းထိုက်(၄၁)နှစ်အား တွေ့ရှိရပြီး အဆောက်အအုံအတွင်း တရားမဝင် သိုလှောင်ထားသည့် ဒီဇယ် ၄၅ ဂါလန်ပါ ပီပါ ၁၀ လုံး၊ ဓာတ်ဆီ ၄၅ ဂါလန်ပါ ပီပါ ၅ လုံးနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နိုင်လင်းထိုက် အား ကျိုက်ပိနယ်မြေရဲစခန်း (ပ)၁၄/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 19, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...
Posted on Feb 28, 2026ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Posted on May 18, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
