ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / June 05, 2026


ပုသိမ် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မိတ်ဆက် ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တက်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း စီမံခန့်ခွဲမှုကော်မတီမှ တစ်ဦးချင်းမိတ်ဆက် တင်ပြခဲ့ပြီး တိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူးက အသင်း၏လုပ်ငန်းစဉ်များနှင့် ဒုဥက္ကဋ္ဌက ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာဌာနအလိုက် အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ အသင်းအဖွဲ့များမှ တစ်ခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် မရှိမဖြစ်လိုအပ်သည့် အသင်းတစ်ခု ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များဖွံ့ဖြိုးတိုးတက်ရှင်သန်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ဒေသ၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့်ကာလဖြစ်၍ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျ ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီ စေရေးနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026