၂၉-၉-၂၀၂၄ ရက်နေ့တွင် နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာဗျုဟာ သာသနာ့ဗိမ္မာန်ရှိ ရေဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခြင်း

၂၉-၉-၂၀၂၄ ရက်နေ့တွင် နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာဗျုဟာ သာသနာ့ဗိမ္မာန်ရှိ ရေဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခြင်း


Office of the Auditor General of the Union/ NPT / October 04, 2024


ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း တိုင်ဖွန်းမုန်တိုင်းရာခီကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်း၏သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့် နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဗျုဟာသာသနာ့ဗိမ္မာန်ရှိ ရေဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ၂၉-၉-၂၀၂၄ ရက်နေ့ နံနက် ၁၁ နာရီတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျုဟာသာသနာ့ဗိမ္မာန်၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့အခမ်းအနားသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း တိုင်ဖွန်းမုန်တိုင်းရာခီကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်း၏သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့် ပြည်သူများအား စာနာထောက်ထားခြင်းဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများမှ စေတနာထက်သန်စွာဖြင့် အိမ်ထောင်စု (၁၃၀) အတွက် ဆန်၊ ဆီနှင့်ရေသန့်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် များစွာစိတ်မကောင်း ဖြစ်ရပါကြောင်း၊ ပြည်သူများ၏ ကြုံတွေ့နေရသောအခက်အခဲများကိုသိရှိပြီး လိုအပ်သည့်ကူညီဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးနိုင်ရန် ကိုယ်တိုင်လာရောက်တွေ့ဆုံအားပေးရခြင်းဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ရေဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်၊ ဆီနှင့် ရေသန့်များ ထောက်ပံ့လှူဒါန်းခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်မှ ရေဘေးသင့်ပြည်သူများ ယာယီရေဘေးရှောင်စခန်းမှာ စားသောက်နေထိုင်မှု အခြေအနေများ၊ သောက်ရေရရှိရန်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းနေအရွယ်ကလေးများအား အမြန်ဆုံးကျောင်းပြန်တက်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Posted on Dec 21, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Posted on Dec 19, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Dec 19, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 18, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 18, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Dec 17, 2024
AnnouncementsExplore more >

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

Posted on Dec 13, 2024

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)

Posted on Dec 20, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)

HOT NEWS
January 4,