၄-၅-၂၀၂၄ ရက်နေ့တွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများနေထိုင်သည့် အိမ်ရာများနှင့် အဆောင်များ သန့်ရှင်း၊သပ်ရပ်၊ သာယာလှပမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း

၄-၅-၂၀၂၄ ရက်နေ့တွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများနေထိုင်သည့် အိမ်ရာများနှင့် အဆောင်များ သန့်ရှင်း၊သပ်ရပ်၊ သာယာလှပမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း


Office of the Auditor General of the Union/ npt / May 09, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးသည် စီမံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် ဧပြီ ၂၇ ရက်နေ့နှင့် မေ ၄ ရက်နေ့ နံနက်ပိုင်းတို့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ပတ်ဝန်းကျင်သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧပြီ ၂၇ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် (၃၂၀၅၊ ၃၃၁၁၀၊ ၄၃၀၄) ၊ ဓနသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် (၁၃၃၃၊ ၁၃၃၄၊ ၁၃၅၁၊ ၁၃၅၂) အိမ်ရာ များကိုလည်းကောင်း၊ မေ ၄ ရက်နေ့တွင် ဘောဂသိဒ္ဓိရပ်ကွက်ရှိ သပြေ ၁ အဆောင် ၁၃၊ သဇင် ၂ အဆောင် ၁၊ ၂၊ ၅၊ ၆ နှင့် သဇင် ၅ အဆောင် ၁ နှင့် တိုက်အမှတ် ( ၇၆၃၊ ၇၆၄၊ ၈၁၀၊ ၈၁၁၊ ၈၁၄) အိမ်ရာများကိုလည်းကောင်း အဆောင်နှင့် အိမ်ရာဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် သစ်ပင်များအလင်းဖွင့်ထားမှု၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု၊ ချုံနွယ်များခုတ် ထွင်ရှင်း လင်းထားမှု၊ မီးဘေးအန္တရာယ်လုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယစာရင်းစစ်ချုပ်က ဝန်ထမ်းအိမ်ရာစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ အဆောင်နှင့် အိမ်ရာများကို သန့်ရှင်း၊ သပ်ရပ်၊ သာယာ လှပစေရန် ဆောင်ရွက်ကြစေရေး၊ လျှပ်စစ်မီးကို စနစ်တကျ သုံးစွဲစေရေးနှင့် ရေအရင်းအမြစ် ချွေတာသုံးစွဲစေရေး အဆောင်မှူးများနှင့် ဝန်ထမ်းများပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,