(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / October 31, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၃၀

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပ နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မကြာမီကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများနှင့် ပြိုင်ပွဲဝင်အင်အားစာရင်းများအား စိစစ်ခြင်းများ၊ ပို့ဆောင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်/ထောက်ပံ့မှုကိစ္စရပ်များ၊ ပြိုင်ပွဲတွင် စနစ်တကျဝင်ရောက်ယှဉ်ပြိုင်မှု၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြိုင်ပွဲဝင်ပစ္စည်း ဝယ်ယူပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပေးသွားရန်လိုကြောင်း၊ မြန်မာနိုင်ငံတော်၏အလံကို တိုင်ထိပ်တွင် လွှင့်ထူနိုင်အောင် ကျရာကဏ္ဍများအလိုက် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားရန် တာဝန်ရှိသူများအနေဖြင့် အားကစားသမားများ သိရှိနားလည် အောင် တိုက်တွန်းမှာကြားသွားရန်လိုကြောင်း၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲကျင်းပနိုင်ရေးနှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ်အားကစားသမားများ ရရှိစေရေးအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်စီမံချက်များ စနစ်တကျရေးဆွဲ၍ တင်ပြပေးသွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အဖွဲ့ချုပ်များ၊ အားကစားနည်းများအလိုက် စခန်းဝင်အားကစားသမားအင်အားစာရင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းနှင့် အားကစားသမားအင်အားစာရင်းများ၊ အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးများက လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြည့်စွက် ရှင်းလင်းကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 26, 2025
AnnouncementsExplore more >

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသတင်းကြေညာချက်

Posted on Oct 30, 2025

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၅ ခုနှစ်၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၆) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပါသည်။

မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း

Posted on Oct 29, 2025

မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း

HOT NEWS
January 4,