(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း

(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း

Ministry of Information/ Naypyitaw / January 13, 2026
image_latest

နေပြည်တော် ဇန်နဝါရီ ၁၂

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၀ ရက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် ဆပ်ကော်မတီဝင်များအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို အလေးအနက်ထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြမည့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ယဉ်ကျေးမှုအဖွဲ့များကို အချိန်မီ ဘေးအန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ရမည့်ကိစ္စသည် မိမိတို့ဆပ်ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပါကြောင်း၊ ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကိစ္စများကို လစ်ဟာမှုမရှိ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဧည့်သည်တော်များနှင့်ယဉ်ကျေးမှုအဖွဲ့များကို သတ်မှတ်နေရာများသို့ အချိန်မီပို့ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယာဉ်တန်းများ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကိုလည်း သတ်မှတ်ရက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်မည့်ယာဉ်များ၏ ကြံ့ခိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ယာဉ်တန်းလုံခြုံရေးတို့ကိုလည်း အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အဆင့်ဆင့်သော တာဝန်ကျဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုသကဲ့သို့ ကျန်းမာရေးနှင့် ပတ်သက်၍ အထူးဂရုပြုစားသောက်နေထိုင်ကြရန်လိုကြောင်း ပြောကြား သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဆက်စပ်ဆပ်ကော်မတီမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။

Posted on Jan 13, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။

Posted on Jan 12, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။

Posted on Jan 11, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။

Posted on Jan 10, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။

Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။

Posted on Jan 07, 2026
AnnouncementsExplore more >

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

Posted on Jan 13, 2026

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

သတင်းထုတ်ပြန်ချက်

Posted on Jan 12, 2026

ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးလိုအပ်လျက်ရှိပါသည်။ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ရင်ဆိုင်နေရသော အမှုကိစ္စသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါသည်။

HOT NEWS
January 4,