Bar Code/ QR Code စနစ်သစ်ဖြင့် စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ဆန်းစစ်အသိပေးထုတ်ပြန်ခြင်း

Bar Code/ QR Code စနစ်သစ်ဖြင့် စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ဆန်းစစ်အသိပေးထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / March 29, 2026
image_latest


နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုးမှု လျော့နည်းစေရန်ရည်ရွယ်၍ Bar Code/QR Code စနစ်သစ်ဖြင့် ၂၇-၃-၂၀၂၆ ရက်နေ့မှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။

ထိုအပြင် ယနေ့မှစတင်၍ ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်တွင် Bar Code/ QR Code စနစ်များကို စတင်အသုံးပြုနေပြီဖြစ်ပါသည်။

စနစ်သစ်ဖြင့်ရောင်းချရာတွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် မသမာမှုများအပါအဝင် မမျှော်မှန်းနိုင်သည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနသည် Online Monitoring Center မှ စောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်၍ ဖြေရှင်းဆောင်ရွက်ခြင်း၊ ထိန်းကျောင်းကြပ်မတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

QR စနစ်အသုံးပြုနေသည့် မြို့ကြီး ၄ မြို့၌ စနစ်ဟောင်းရောင်းချမှုနှင့် စနစ်သစ်ရောင်းချမှုတို နှိင်းယှဉ်မှုအရ ၂၅-၃-၂၀၂၆ ရက်နေ့တွင် ဆိုင်ကယ်/သုံးဘီး ၁၈၉,၉၀၇ စီး၊ မော်တော်ယာဉ် ၁၃၈,၁၅၇ စီး ဆီဖြည့်တင်းခဲ့ကြသော်လည်း ၂၇-၃-၂၀၂၆ ရက်နေ့တွင် ဆိုင်ကယ်/သုံးဘီး ၁၄၉,၆၉၀ စီး၊ မော်တော်ယာဉ် ၁၀၅,၃၄၅ စီးသို့ လျော့ကျသွားခဲ့ပါသည်။ ၂၆-၃-၂၀၂၆ ရက်နေ့တွင် ဆိုင်ကယ်/ သုံးဘီး ၁၈၄,၂၈၄ စီး၊ မော်တော်ယာဉ် ၁၁၃,၀၂၈ စီး ဆီဖြည့်တင်းခဲ့ကြသော်လည်း ၂၈.၃.၂၀၂၆ ရက်နေ့တွင် ဆိုင်ကယ်/သုံးဘီး ၁၆၅,၃၇၁ စီး၊ မော်တော်ယာဉ် ၁၀၇,၉၆၅ စီးသို့ လျော့ကျသွားခဲ့ပါသည်။

သို့ရာတွင် စက်သုံးဆီဈေးနှုန်းတိုးမြင့်လာမှုကို အခွင့်ကောင်းယူ၍ အချိုအရောင်းဆိုင်များသည် ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ဆိုင်များသည် Scan မဖတ်ဘဲ ရောင်းချပေးနေခြင်း၊ Taxi ယာဉ်များသည် ခွဲတမ်းပိုမိုရရှိမှုကို အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်လာခြင်းတို့ကြောင့် ဖွင့်လှစ်ရောင်းချနေသည့်အရောင်းဆိုင်များတွင် ယာဉ်များတန်းစီမှုပိုမိုလာသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ယင်းသို အများပြည်သူများကို ထိခိုက်နစ်နာစေသည့် မသမာမှုများကို ပြည်သူတို့၏ သတင်းပေးပိုလာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၂၅၉၇)၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၇၃၀)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “အောင်သိဒ္ဓိ” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၄၈၀)တိုအား လိုင်စင်ယာယီပိတ်သိမ်း၍ အရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများအား ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ထိုအပြင် တရားမဝင်စက်သုံးဆီ သိုလှောင်ထားရှိကြောင်း တိုင်ကြားလာမှုသတင်းအရ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀/ B ရပ်ကွက်၊ မြနန္ဒာလမ်းသွယ် (ကျူးကျော်)နေ ဦးမြင့်မောင်အား တရားမဝင်စက်သုံးဆီများ သိုလှောင်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ သတ်မှတ်ပေးထားသော စက်သုံးဆီအရောင်းဆိုင်များတွင် ထောက်ခံချက်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

ပြည်သူများအနေဖြင့်လည်း စက်သုံးဆီဝယ်ယူခြင်းနှင့် ပတ်သက်၍ အခက်အခဲများနှင့် မသမာမှုများတွေ့ရှိနေရသည့်အပေါ်တွင် Call Center သို့ တိကျစွာ အသိပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Mar 26, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 25, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Mar 23, 2026
AnnouncementsExplore more >

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Posted on Mar 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။