KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၉၆ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပနိုင်ငံသား ၃၅၁ ဦး ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့

KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၉၆ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပနိုင်ငံသား ၃၅၁ ဦး ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့


Ministry of Information/ Naypyitaw / November 21, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် Online လိမ်လည်လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိတရားမဝင်အဆောက်အအုံ ၁၉၆ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီး ရွှေကုက္ကိုလ် နယ်မြေအတွင်း၌ Online လောင်းကစားမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား ၃၅၁ ဦးကိုထပ်မံ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်း Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက်အအုံ ၆၃၅ လုံး ရှိသည့် အနက် ယနေ့တွင် ၁၄ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၉၆ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် တရားမဝင်အဆောက်အအုံများကို ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့စတုတ္ထနေ့တွင်လည်း ရွှေကုက္ကိုလ် နယ်မြေ၊ ရှင်းယုံလီဝန်းအတွင်းရှိ ၁၂ ထပ် အဆောက်အအုံ ၃ လုံးနှင့် ၉ ထပ် အဆောက်အအုံ ၃ လုံးတို့ကို ရှာဖွေစစ်ဆေးခဲ့ရာ Online လိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲဝန်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ star Link ဘန်း ၁၀၁ လုံးနှင့် Router ၂၁ လုံး တို့ကို စိစစ်တွေ့ရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေထိုင်လျက်ရှိကြသည့် တရုတ်နိုင်ငံသား ၁၁၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃၆ ဦး၊ ကင်ညာနိုင်ငံသား ၁၄ ဦး၊ အီသီရိုးပီးယားနိုင်ငံသား ၇၅ ဦး၊ တောင်အာဖရိကနိုင်ငံသား ၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦး၊ ယူဂန်ဒါနိုင်ငံသား ၂၉ ဦး၊ ဇင်ဘာဘွေနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃ ဦး၊ ဘင်္ဂလားဒေ့နိုင်ငံသား ၁ ဦး၊ လိုက်ဘေးဒီးယားနိုင်ငံသား ၁ ဦး၊ နိုင်ဂျီးဒီးယားနိုင်ငံသား ၂ ဦး၊ မော်ရိုကိုနိုင်ငံသား ၁ ဦး၊ မာလဝီနိုင်ငံသား ၁ ဦး၊ ကင်မရွန်းနိုင်ငံသား ၆ ဦး၊ မွန်ဂိုးလီးယားနိုင်ငံသား ၁ ဦးနှင့် ထိုင်ဝမ်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၃၅၁ ဦးတို့ကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ နိုဝင်ဘာ ၁၈ ရက်မှ ယနေ့အထိမြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၆၇ ဦးနှင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ star Link ဘန်း ၁၀၁ လုံး၊ Router ၂၁ လုံးနှင့် လုပ်ငန်းသုံး ပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသားစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၀၀ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၂၀၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၁၆၄၀ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၂၂၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,