Microsoft Advance Excel (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

Microsoft Advance Excel (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / September 09, 2025


Microsoft Advance Excel (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က ယခုသင်တန်းသည် လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များနှင့်အညီ ဌာနတွင်းနည်းပညာဆိုင်ရာ အတတ်ပညာများကို သင်ကြားပေးသည့် သင်တန်းဖြစ်ပြီး ဒေသစာရင်းစစ်ရုံး အသီးသီးမှ ဝန်ထမ်းများ လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်ရန်ရည်ရွယ်၍ Online ဖြင့် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ထိရောက်မှုရှိစေရန်၊ အလုပ်တာဝန်များကို လုပ်ရည်ကိုင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒများ အကောင်အထည်ဖော်ရာတွင် နည်းပညာဖြင့် အထောက်အကူပြုစေရန်နှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန်ရည်ရွယ်၍ သင်ကြားပို့ချပေးခြင်းဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုသင်တန်းဖြစ်သည်နှင့်အညီ သင်တန်းတက်ရောက်သူများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စာရင်းဇယားများရေးဆွဲခြင်းနှင့် နည်းပညာဆိုင်ရာစာရင်းစစ်ဆေးခြင်း တို့တွင် ထိရောက်စွာ ပြန်လည်အသုံးချကြစေလိုပါကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရုံးအတွက် ခွန်အားသစ်များ ဖြည့်ဆည်းပေးမည့် မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် ကျရာလုပ်ငန်း နယ်ပယ်အသီးသီးတွင် ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းလိုက်နာ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ နဝရတ်ခန်းမ၌လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ‌ဒေသစာရင်းစစ်ရုံးတို့မှ တာဝန်ရှိသူများ၊ ကထိကနှင့် သင်တန်း သား/ သင်တန်းသူများမှ Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Sep 08, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 07, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Sep 06, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Sep 05, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025
AnnouncementsExplore more >

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

Posted on Sep 9, 2025

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

Posted on Sep 9, 2025

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,