ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Latest News - 91855 items

Ministry of Information / Posted on May 31, 2025
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

Ministry of Transport and Communications / Posted on May 31, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Information / Posted on May 31, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့မှ ဝန်ထမ်းမိသားစုများ၏သားသမီး ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

Ministry of Information / Posted on May 31, 2025
မြန်မာနိုင်ငံအတွင်းသို့ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဝင်ရောက်ခဲ့ချိန်မှစ၍ ကိုဗစ်-၁၉ အလွန်ကာလ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ အင်အားပြင်းထန်သည့် မုန်တိုင်းများနှင့် နောက်ဆုံးအင်အားအလွန်ပြင်းထန်သည့် မြေငလျင်ကြီးအထိ တစ်နှစ်ပြီးတစ်နှစ် ဆက်၍ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်များမှာ မိမိတို့နိုင်ငံနှင့် ပြည်သူများအဖို့ ကြီးမားသည့်စိန်ခေါ်မှုများပင်ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးတွင် နိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုပမာဏကမူ ရှေ့တွင်ဖြစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်တို့ထက် အဆများစွာပိုသည်။

Ministry of Information / Posted on May 31, 2025
၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ငွေကျပ် ၅၃၄ ဘီလီယံကျော်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ခဲ့ရာ ခြောက်လအတွင်း ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း ရာဂီမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုများကိုလည်း အမြန်ဆုံးပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။ မကြာသေးမီကဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း အမြန်ဆုံးပြန်လည်ထူထောင်လျက်ရှိသည်။

Ministry of Transport and Communications / Posted on May 30, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Transport and Communications/ Naypyitaw / May 22, 2025

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း(နေပြည်တော်)တွင် အသုံးပြုမည့် စက်ပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါဆိုင်ရာအချက်အလက်များကို download ရယူနိုင်ပါသည်။
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းနံပါတ် ၀၆၇- ၃၄၀၇၀၅၁ ၊ ၀၆၇- ၃၄၀၇၄၃၈ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Download