တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။
Latest News - 98579 items

Ministry of Information / Posted on October 17, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ခရိုင်မြို့ကြီးတစ်ခုဖြစ်သည့် ကျောက်မဲမြို့အား တပ်မတော်စစ်ကြောင်းများက ဒေသခံတိုင်းရင်းသား ပြည်သူ့လူထုတစ်ရပ်လုံး၏နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးမှုတို့ကို အပြည့်အဝရယူ၍ TNLA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းထံမှ ပြည်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျောက်မဲမြို့မှ ၂၈ ကီလိုမီတာအကွာရှိ ရှမ်းမြောက်ဒေသ၏ မြို့တစ်မြို့ဖြစ်သော သီပေါမြို့ကို ဆက်လက်ချီတက်၍ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းမှုစစ်ဆင်ရေးဆောင်ရွက်ရန်လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုတို့ကို အချိန်တိုအတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် သားကောင်းဇာနည်အောင် စစ်သည် တပ်မတော်စစ်ကြောင်းများက ကျောက်မဲမြို့မှ သီပေါမြို့သို့ ဖရိုဖရဲ အလဲလဲ အကွဲကွဲ ဦးတည်ဆုတ်ခွာထွက်ပြေးခဲ့ကြသည့် TNLA အကြမ်းဖက်သောင်းကျန်သူများကို အနားမပေးဘဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှစ၍ စစ်ကြောင်းများဖြန့်ခွဲကာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ဆက်လက်ဆင်နွဲတိုက်ပွဲဝင်ခဲ့ကြသည်။

Ministry of Information / Posted on October 17, 2025
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရောက်ရှိနေထိုင်သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ(Myanmar Muslim Refugee Community-MMRC)ကိုဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ယင်းအဖွဲ့အစည်းမှ ရရှိသောငွေကြေးအကျိုးအမြတ်များဖြင့် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်း၊ NUG အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းကိုမြစ်သားမြို့နယ်၊ မြစ်သားမြို့မရဲစခန်း၌ (ပ)၁၄၀/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ပြီး မြစ်သားမြို့နယ်တရားရုံးသို့ ယင်းဥပဒေပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ရာဇဝတ်အထွေထွေမှုအမှတ် ၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးပြီး ၃၁-၁-၂၀၂၃ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပါသည်။

Ministry of Information / Posted on October 17, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

Ministry of Information / Posted on October 17, 2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

Ministry of Information / Posted on October 17, 2025
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း(MIFA)နှင့် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။

Ministry of Transport and Communications / Posted on October 17, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Posted on Oct 17, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Posted on Oct 16, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 15, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
Posted on Oct 14, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
Posted on Oct 12, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 12, 2025
တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။
Ministry of Transport and Communications/ Naypyitaw / October 17, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ တိုင်းရင်းသားလူမျိုးများအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန်ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၄)ရက် (တနင်္လာနေ့) နံနက် (၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက် (တနင်္လာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ပါသည်။ တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင်ဝယ်ယူနိုင်ရန်ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။ တံဆိပ်ခေါင်းဝယ်ယူလိုသူများအနေဖြင့် -
ဒေါ်ခင်ညိုညိုမြင့်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊ ၀၉-၄၄၈၀၀၀၀၉၆
ဒေါ်တင်မေကြည်၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၈
ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။