ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Latest News - 105948 items
Ministry of Information / Posted on March 17, 2026
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Combating the Financing of Terrorism-AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Ministry of Information / Posted on March 17, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များ အားလုံးကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာရရှိကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝလျက် ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
Ministry of Information / Posted on March 17, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အစားထိုးပြောင်းလဲ
Ministry of Information / Posted on March 17, 2026
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ပေါ် အာဏာလွှဲဖို့လုပ်နေချိန်မှာ ဘာလုပ်ရမှန်းမသိ ကြောင်ပျောက်နေတဲ့ NUG၊ PDF” ခေါင်းစဉ်ဖြင့် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Ministry of Information / Posted on March 17, 2026
မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်လာသောနိုင်ငံများကိုလေ့လာပါက သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်အဟုန်နှင့် ရရှိလာကြသည်ကို တွေ့ရှိနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ထုတ်အရင်း အမြစ်များအဖြစ် ငွေကြေးအရင်းအနှီး (capital)၊ လူတို့၏လုပ်အား (labour) နှင့် မြေ သို့မဟုတ် သဘာဝသယံဇာတများ (land) တို့သာမက အတတ်ပညာနည်းပညာ (technology) သည်လည်း အရေးပါသည်။ စီးပွားရေးသမိုင်းအမြင်အရ ခေတ်သစ်နှင့် ခေတ်သစ်မတိုင်မီကာလကို ပိုင်းခြားထားသည့် အဓိကအခြင်းအရာမှာ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကြီးပင်ဖြစ်သည်။
Ministry of Information / Posted on March 17, 2026
တပ်မတော်၏ အဓိကတာဝန်သည် ပြည်ပရန်ကာကွယ်ရေးဖြစ်သော်လည်း နိုင်ငံတွင်ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာအခြေအနေများအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို ဝင်ရောက်ထိန်းသိမ်းနေရခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်ကောင်းရာကောင်းကျိုးကို အစဉ်အဆက်လက်ဆင့်ကမ်းတာဝန် ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် (Standard Army) ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်လျက်ရှိသည်။
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information/ Naypyitaw / November 06, 2025
