နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Latest News - 105778 items

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေး

Ayeyarwaddy Region Government / Posted on March 12, 2026

၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင်စတင်ကျင်းပလျက်ရှိရာ ပုသိမ်မြို့ပေါ်ရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ မြန်မာစာ ဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၈)၊ (၅)၊ (၁)၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါးကန်သင်းဘောင်ပေါ်တွင် ကျင်းစနစ်ဖြင့်စိုက်ပျိုးသော နေကြာရိတ်သိမ်းပွဲနှင့် နွေစပါးနယူးဧရာ(၁၁)ရိတ်သိမ်းပွဲ တက်ရောက်

Ayeyarwaddy Region Government / Posted on March 12, 2026

၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါးကန်သင်းဘောင်ပေါ်တွင် ကျင်းစနစ်ဖြင့်စိုက်ပျိုးသော ဆန်ဖိုလာမျိုး နေကြာရိတ်သိမ်းပွဲနှင့် ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါးနယူးဧရာ(၁၁)ရိတ်သိမ်းပွဲကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ တောင်သူ ဦးတင်အောင်သန်း ၏ လယ်မြေတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၂၄)ပေအကျယ်ကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

Ayeyarwaddy Region Government / Posted on March 12, 2026

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၂၄)ပေအကျယ်ကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်ခြင်း၊ လူသွားလမ်း(၂)ဖက်ပြုလုပ်ခြင်းနှင့် အုတ်စီရေမြောင်းတည်ဆောက်လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က ပုသိမ်- ရှောပြာချောင်းသာ လမ်း ( ပုသိမ် မြို့တွင်းအပိုင်း) မိုင် ၀မိုင် ၇.၂၅ ဖာလုံမှ ၁ မိုင်၃ ဖာလုံ ၂.၅ ဖာလုံ အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ ဖြင့် ဆောင်ရွက်သော(၂၄) ပေ အကျယ်ကွန်ကရစ် လမ်းခင်းခြင်း ၊ (၅) ပေ အကျယ် လူသွားလမ်း ပလက်ဖောင်း တည်ဆောက်ခြင်းနှင့် ရေမြောင်းတည်ဆောက် ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး၍ ရေမြောင်းနှင့် ပလက်ဖောင်းများ အချိန်မီပြီးစီးရန် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအချိန်မီပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုအားပေး

Ayeyarwaddy Region Government / Posted on March 12, 2026

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယခုလ (၃)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ အားကစားနည်း(၂၀)မျိုးကို သင်ကြားပေးသွားမည်ရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမနှင့် ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်) သို့ သွားရောက်၍ အားကစားနည်းအလိုက် လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခြင်းအခမ်းအနားကျင်းပ

Ministry of Information / Posted on March 12, 2026

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတက်လာစေရေးဆောင်ရွက်နိုင်ခဲ့မှုအား သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ ရေနံမြေ၊ လုပ်ငန်းနှင့်စခန်းများမှ အရာထမ်းအမှုထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on March 12, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း


Naypyitaw Development Committee/ နေပြည်တော် / March 12, 2026


Download ရယူရန်