ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်
Latest News - 90892 items

Ministry of Information / Posted on May 13, 2025
မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ငလျင်ဘေးသင့်ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန်အတွက် UMFCCI၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုနှင့် စပ်လျဉ်း၍ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

Ministry of Information / Posted on May 13, 2025
၂ဝ၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

Ministry of Information / Posted on May 13, 2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Bangladesh Pharmaceutical Society in Myanmar မှ ဆေးဝါးများ လှူဒါန်းပွဲကို ယနေ့တွင် အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပသည်။

Ministry of Information / Posted on May 13, 2025
မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲနောက်ဆုံးနေ့အဖြစ် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမျိုးသားကဇာတ်ရုံကြီး၌ ယနေ့သဘင်အစည်းအရုံးက ဖျော်ဖြေတင်ဆက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများ အားပါးတရကြည့်ရှုအားပေးကြသည်။

Ministry of Information / Posted on May 13, 2025
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာဝယ်ယူနိုင်ရန် ရည်ရွယ်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို မေ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးတို့ လှည့်လည်ကြည့်ရှုအားပေးသည်။

Ministry of Information / Posted on May 13, 2025
တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာတစ်နှစ်သင်တန်း အမှတ်စဉ် (၁) ၏ ဒီပလိုမာလက်မှတ်၊ ထူးချွန်ဆုနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ ကျင်းပသည်။
ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / March 23, 2023

ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်
သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၃)
လူတိုင်းတွင် ပညာသင်ယူပိုင်ခွင့် (the right to education) ရှိကြောင်း ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ တွင် အတိအလင်းပြဆိုထားပါသည်။ ထိုအခွင့်အရေးကို အကောင် အထည် ဖော်ရာတွင် တန်းတူရည်တူ ပညာသင်ယူခွင့်ကို အခြေခံလိုအပ်ချက် အဖြစ် အသိအမှတ်ပြု ဖော်ပြကြပါသည်။ ဤအခွင့်အရေးကို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ရာတွင် အခြေခံပညာ အဆင့်များ၌ အခမဲ့ပညာသင်ယူ ခွင့်ရရှိရေးသည် အလွန်အရေးပါသော အချက်များဖြစ်ပြီး မသင်မနေရ မူလတန်းပညာရေးသဘောတရားကို လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ နိုင်ငံတော် အစိုးရ၏ KG+9 မူဝါဒကို အကောင်အထည်ဖော်ဆောင်မှုသည်လည်း ဤသတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပါသည်။
အဓိပ္ပာယ်ပြည့်ဝသော ပညာသင်ယူပိုင်ခွင့်ရရှိရေးတွင် ပညာ သင်ယူရန် လွယ်ကူအဆင်ပြေမှုနှင့် တန်းတူရည်တူရှိမှုတို့သည် မရှိမဖြစ်လိုအပ်သော အခြေအနေများ ဖြစ်ကြပါသည်။ မည်သည့် နေရာ တွင် သင်ကြားခွင့်ရှိသည်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်းတွင် မည်သည့် သင်ခန်းစာများ ပါဝင်သည်ဖြစ်စေ၊ သင်ကြားပို့ချသူ ဆရာ/ ဆရာမ များသည် မည်သူများပင်ဖြစ်စေ ပညာရေး၏ အန္တိမရည် မှန်းချက်သည် ကျောင်းသူ/ကျောင်းသားများ၏ အကျိုး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်မည့် လူသားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်သည်။ ပညာတတ် ပုဂ္ဂိုလ်များသည် အမှန်စင်စစ် နိုင်ငံအတွက်အရေးကြီးသော အဖိုးတန်ရတနာများဖြစ်သည်ကို ထင်ထင်ရှားရှား သိမြင်ကြမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ရှုမြင်မည်ဆိုပါက ပညာသင် ယူပိုင်ခွင့်ကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းသည် နောင်အနာဂတ်အတွက် အမြော် အမြင်ရှိသည့် လမ်းစဉ်တစ်ရပ်ဖြစ်ပါသည်။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ အား အပြည့် အဝအကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အားလုံးက ကြိုဆို ကြလိမ့်မည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်