မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)

Latest News - 93128 items

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ

Ministry of Information / Posted on June 25, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ငမိုးရိပ်ရေလှောင်တမံနှင့် အလိုင်နီရေလှောင်တမံ ကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

Ministry of Information / Posted on June 25, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဇွန် ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီး ဦးအေးထွန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေး

Ministry of Information / Posted on June 25, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌပဲခူးမြို့နယ် မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တနန္တဝံသ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ)အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဒုတိယဝန်ကြီးက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်း စာသင်ခန်းများအလိုက် ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on June 25, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်အတွင်းရှိ ကမ်းပါးအိကျမှုအား ကြည့်ရှုစစ်ဆေး

Ayeyarwaddy Region Government / Posted on June 25, 2025

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်အတွင်း ကမ်းပါးအိကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဂျုဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

Ayeyarwaddy Region Government / Posted on June 25, 2025

၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲ ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးဂျုဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အောင်ပွဲရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)


Myanmar National Human Rights Commission/ Yangon / June 24, 2025


၁။ ကမ္ဘာစစ်ကြီးများ၏ အနိဋ္ဌာရုံများကို ခံစားကြရပြီးနောက် စစ်ပွဲများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုဖော်ဆောင်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ရေးဆွဲ၍ ကမ္ဘာ့ကုလသမဂ္ဂကို ဖွဲ့စည်းတည် ထောင်ခြင်းဖြစ်ပါသည်။ ယင်းပဋိညာဉ်စာတမ်းပါ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို တည်တံ့ အောင် ထိန်းသိမ်းဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများနှင့်အညီ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ပြေလည်ကျေအေးအောင် ဆောင်ရွက်ရန်ဟု ဖော်ပြထားသကဲ့သို့ ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း၏ နိဒါန်းတွင်လည်း လူမှုရေးတိုးတက်ရေးနှင့် လူ့ဘဝအဆင့်အတန်း တိုးတက်ကောင်းမွန်ရေးတို့ကို မြှင့်တင်ရာတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့သည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် ၁၆ အရ နိုင်ငံတစ်နိုင်ငံတွင် တရား ဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ကောင်းမွန် သောအုပ်ချုပ်ရေးတို့ ဖြစ်ပေါ်လာမှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ပဋိပက္ခအတွင်း ငြိမ်းချမ်းမှုမရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများသည် ဆင်းရဲနွမ်းပါးမှု တာရှည်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်းများ ဖြစ်ပေါ်ပြီး လူသားဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်နိုင်ရေး နှင့် လူမှုစီးပွားဘဝတိုးတက်ရေးတို့ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။

၃။ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးမှာ ခွဲခြား၍မရကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က အခိုင်အမာ ယုံကြည်ပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် ပဋိပက္ခ များ လျော့နည်းပပျောက်စေရုံသာမက အပြန်အလှန် စာနာနားလည်မှု တည်ဆောက်ခြင်း၊ ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် ပါဝင်နိုင်ခြင်း၊ မတူကွဲပြားမှုများကို လေးစားခြင်းနှင့် တရားဥပဒေအရ တန်းတူအခွင့်အရေးရရှိခြင်းစသည့် အခွင့်အရေးများ ရရှိခံစားရခြင်းပင် ဖြစ်ပါသည်။

၄။ နိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် သက်ဆိုင်သူများ အားလုံးပါဝင် သော မျက်နှာချင်းဆိုင်‌ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည် အကောင်းမွန်ဆုံး ဆောင်ရွက်ချက် ဖြစ်ပါသည်။ Peace Forum 2025 တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နယ်ပယ် အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကဏ္ဍအလိုက် ပါဝင် ပတ်သက်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ ပါဝင်ကြကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါသည်။

၅။ Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသား ပြည်သူ အားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေမည့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download
HOT NEWS
January 4,