မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၁/၂၀၂၅)
Latest News - 97430 items

Ministry of Information / Posted on September 21, 2025
မြန်မာ့တပ်မတော် (ရေ) နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong ၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာကာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
Ministry of Information / Posted on September 21, 2025
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

Ministry of Information / Posted on September 21, 2025
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

Ministry of Transport and Communications / Posted on September 21, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on September 21, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on September 21, 2025
Daily water level forecast
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Posted on Sep 19, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Posted on Sep 18, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 17, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၁/၂၀၂၅)
Myanmar National Human Rights Commission/ Yangon / September 21, 2025
၁။ လူသားတို့အပေါ် ဆင်းရဲဒုက္ခကျရောက်စေခဲ့သော ကမ္ဘာစစ်ကြီးများနှင့် ပဋိပက္ခများ၏ ဘေးအန္တရာယ်အသွယ်သွယ်မှကင်းဝေး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုဖော်ဆောင်ရန် အလို့ငှာ ကုလသမဂ္ဂကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ပိုမို ထိရောက်အောင်မြင်စေရန် ရည်ရွယ်၍ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) အဖြစ် သတ်မှတ်ခဲ့ပါသည်။
၂။ လူသားအားလုံး၏ဘဝ ဘေးကင်းလုံခြုံစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးသည် လူတိုင်းအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၌ ဖော်ပြထားသကဲ့သို့ လူ့အခွင့််အရေးအားလုံးကို ရရှိခံစားနိုင် ရန်အတွက် ငြိမ်းချမ်းရေး မရှိမဖြစ် လိုအပ်ကြောင်းကို United Nations Declaration on the Right to Peace (2016) ၌ ဖော်ပြထားပါသည်။ ထို့ပြင် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင် (၁၆) (UN Sustainable Development Goal – 16 ) ပါ “ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး” ကို နိုင်ငံအသီးသီးက အထူးအလေးပေး ဆောင်ရွက်လျက် ရှိကြပါ သည်။
၃။ မြန်မာနိုင်ငံတွင်လည်း တရားမျှတမှုအပေါ်အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်ချက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အတည်ပြုလက်မှတ် ရေးထိုးခဲ့သည့် (၁၀) နှစ်ပြည့် နှစ်ပတ်လည် နေ့ အခမ်းအနားကျင်းပရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် ဝမ်းမြောက်မိပါသည်။
၄။ ၂၀၂၅ ခုနှစ်၏ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဆောင်ပုဒ်မှာ “Act Now for a Peaceful World - ငြိမ်းချမ်းတဲ့ကမ္ဘာဖြစ်စေဖို့ ယခုကစ ဆောင်ရွက်စို့” ဖြစ်ရာ နိုင်ငံသူ နိုင်ငံသားအားလုံး အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြသည်နှင့်အမျှ လူပုဂ္ဂိုလ်တစ်ဦးချင်းကလည်း တာဝန်သိသိ အသိတရားရှိရှိနှင့် မိမိတို့ဆောင်ရွက်သင့်သည့် ကဏ္ဍများကို ကြိုးပမ်းစွမ်းဆောင်ပေးကြခြင်းဖြင့် ကမ္ဘာ့ လူသားအားလုံး၏ ငြိမ်းချမ်းရေးဆိုင်ရာ အခွင့်အရေးကို ရရှိခံစားနိုင်ရန် ယခုမှစ၍ အားလုံးပါဝင် ဆောင်ရွက်ကြပါဟု တိုက်တွန်းလျက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်