မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Latest News - 100196 items
Ministry of Information / Posted on November 21, 2025
(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on November 21, 2025
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Ministry of Information / Posted on November 21, 2025
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့်ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ ၅၃၀ အား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Ministry of Information / Posted on November 21, 2025
ဓာတုပစ္စည်း စီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပသည်။
Ministry of Information / Posted on November 21, 2025
မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မင်းအောင်ထူး က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Ministry of Information / Posted on November 21, 2025
လူမှုစီးပွားမြှင့်တင်ရေးပါတီ (Social Economic Promotion Party) အတွင်းရေးမှူး ဦးမင်းဇော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission/ Yangon / November 20, 2025
ကလေးသူငယ်များသည် နိုင်ငံ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံး အခန်းကဏ္ဍ၌ ပါဝင်သူများဖြစ်ရာ ၎င်းတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန် လိုအပ်ပါသည်။ ယင်းလိုအပ်ချက်ကို ကမ္ဘာက အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၅၉ ခုနှစ်တွင် ကုလသမဂ္ဂက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကြေညာစာတမ်း (Declaration of the Rights of the Child) ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကုလသမဂ္ဂအထွေထွေညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) ကို အတည်ပြုခဲ့ရာ ယင်းသဘောတူစာချုပ်မှာ အဖွဲ့ဝင်နိုင်ငံအများဆုံးလူ့ အခွင့်အရေးဆိုင်ရာစာချုပ်ကြီးတစ်ခုဖြစ်ပါသည်။ အဆိုပါစာချုပ် အတည်ပြုခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ (World Children’s Day) ဟု သတ်မှတ်ခဲ့ပြီး ယနေ့တွင် (၃၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့သည့် အားလျော်စွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ကလေးသူငယ်များအား ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှ ခံစားခွင့် ရရှိစေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ကလေးသူငယ်များ၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိရေးတို့အတွက် အခွင့်အရေးများရှိကြောင်း နိုင်ငံတော်က အသိအမှတ်ပြုသကဲ့သို့ ဥပဒေပါ ကလေးသူငယ်အခွင့် အရေးများကို တန်းတူညီမျှစွာ ရရှိခံစားခွင့်ရှိသည်ဟု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) တွင် ပြဋ္ဌာန်းထားပါသည်။
ကလေးသူငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသော ရတနာများဖြစ်ရာ ၎င်းတို့၏ အခွင့်အရေးများကို ရရှိခံစားစေခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်များဘဝ ဖွံ့ဖြိုးရေးတို့တွင် ကလေးသူငယ်များ ကိုယ်တိုင်ဖော်ဆောင်နိုင်ကြမည်ဖြစ်ပါသည်။ ကလေးသူငယ်အခွင့်အရေးများကို သိရှိနိုင်ရေးနှင့် လက်လှမ်းမီတန်းတူညီမျှရရှိရေးတို့ကို အလေးအနက်ထား၍ ဂရုပြုဆောင်ရွက်ပေးရမည်ဖြစ်ရာ နိုင်ငံတော်ကလည်း ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အဓိက လုပ်ငန်းတာဝန် နှစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတို့ကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာတွင် အများပြည်သူအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အခြေခံပညာ ဆရာ/ဆရာမများအား ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကို အသိပညာပေးခြင်း၊ စာအုပ်စာတမ်းများ ဖြန့်ဝေခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကလေးသူငယ်အားလုံးကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်တို့ကို တန်းတူညီမျှ ရရှိစေရန် ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများ၊ လူငယ်သင်တန်းကျောင်းများ၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး စစ်ဆေးတွေ့ရှိမှုအပေါ် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။
အတွေးအမြင်သစ်များဖြင့် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီးကို ပုံဖော် နိုင်သည့် ကလေးသူငယ်များ၏ အရေးပါမှုကို သတိပြုလျက် ယခု ၂၀၂၅ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “Listen to children: my day, my rights” (နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး ကလေးများအသံ နားထောင်ပေး) နှင့်အညီ ကလေးသူငယ်များ၏ ဆန္ဒသဘောထားများကို နားထောင်၍ ၎င်းတို့၏ ပါဝင်ဆောင်ရွက်ခွင့်ကို သက်ဆိုင်သူများက အသိအမှတ်ပြုကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများ ရရှိခံစားစေရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကမ္ဘာ့ကလေးများနေ့တွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
