ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီ ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng နှင့် တွေ့ဆုံဆွေးနွေး မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီ ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng နှင့် တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / September 29, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၂၉

ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇတ်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ လိုက်ပါလာသည့် အထူးလေယာဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ကူမင်းလေဆိပ်၌ ခေတ္တရပ်နားခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Deng Xiju နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နှင့်မြန်မာသည် ခိုင်မာသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ယုံကြည်ရသည့် မိတ်ဆွေနိုင်ငံဖြစ်သည့်အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တိုင်း ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်၍လည်းလိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံအပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင်ပါဝင်သည့် စီမံကိန်းများ၊ သဘောတူညီချက်များကို အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ကူးလူးဆက်ဆံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့်ပြည်သူနှစ်ရပ်အကြား အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Oct 02, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Sep 29, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 28, 2025

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း


Ministry of Transport and Communications/ Naypyitaw / March 11, 2025
image_latest


"မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း"

စာတိုက်ဝန်ထမ်းများမှ ပေးပို့သောပစ္စည်းများအား တာဝန်အရ စိစစ်ခြင်းကို ကြည်ဖြူစွာ ခွင့်ပြုပေးပါရန် ပန်ကြားအပ်ပါသည်။

ပြည်ပနိုင်ငံသို့ ပေးပို့မည့် တင်ပို့သူ(Customer)မှ ပါဆယ်(Parcel)ပို့ဆောင်မှုနှင့်ပတ်သက်၍ လိုအပ်သော အချက်အလက်များကို မိမိနေအိမ်၌ အောက်ဖော်ပြပါ EAD(Electronic Advance Data)

Link – https://www.cds.post/CDS.Web/Operational/andeclaration.aspx?cc=mm

တွင်မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်လာပါက စာတိုက်ကောင်တာများတွင် စောင့်ဆိုင်းချိန် လျော့နည်းပြီး အချိန်ကုန် သက်သာစေပါသည်။

သက်ဆိုင်ရာစာတိုက်ကောင်တာတွင် ရယူနိုင်သော အောက်ဖော်ပြပါ CN-23 ပုံစံပါ Bar Code Number ဖြင့် https://globaltracktrace.ptc.post/gtt.web/ သို့ ဝင်ရောက်၍ Tracking ပြုလုပ် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

သုံးစွဲသူမိဘပြည်သူများအနေဖြင့် ပြည်ပသို့ ချောထုပ်ပေးပို့ရာတွင် ကြားလူ(ပွဲစား)များဖြင့် ပေးပို့ပါက မလိုလားအပ်သော အမှားအယွင်းများရှိနိုင်ပါသဖြင့် ကိုယ်တိုင်လာရောက်ပေးပို့ကြပါရန်နှင့် ပေးပို့ပြီးပါက CPXXXXXXXXXMM (သို့မဟုတ်) EEXXXXXXXXXMM Code များ ရယူကြပါရန် အသိပေးအပ်ပါသည်။

 

HOT NEWS
January 4,