မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Latest News - 102686 items
Ministry of Information / Posted on January 07, 2026
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ တပ်မတော်က ပြည်သူများလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တည့်မတ်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန်အတွက် ဒီမိုကရေစီစနစ်ကို အဆင့်ဆင့်ဖော်ဆောင်ပေးခဲ့သည်။ သမိုင်းကြောင်းတစ်လျှောက်၌ နိုင်ငံတော်တွင် ဖြစ်ပေါ်ပြောင်းလဲမှု အခက်အခဲ၊ အကျပ်အတည်းများကို တပ်မတော်ကပင် ဦးဆောင်ဖြေရှင်းပေးခဲ့သည်။
Ministry of Information / Posted on January 07, 2026
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရန်မှာ လေးရက်မျှသာ ကျန်ရှိတော့သည်ဖြစ်ရာ ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မြို့နယ်ပေါင်း ၁၀၀ တို့တွင် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေလွယ်ကူစွာမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများမှာ အချိန်နှင့်တစ်ပြေးညီ ပြီးမြောက်လျက်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် မဲပေးနိုင်ခွင့်ရှိသူ လူဦးရေ၏ ထက်ဝက်ကျော်တို့က ဆန္ဒမဲပေးခဲ့ကြရာ အောင်မြင်သည့်ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။ နိုင်ငံရေးအသိနိုးကြားစွာဖြင့် ရွေးကောက်ပွဲများအပေါ် ပြည်သူများ စိတ်ဝင်တစားရှိခြင်း၊ တက်တက်ကြွကြွ ဆန္ဒမဲပေးခြင်းတို့က ရှေ့ဆက်ကြရမည့်ဒီမိုကရေစီခရီးအတွက် အရေးကြီးသည်။
Ministry of Information / Posted on January 07, 2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on January 07, 2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on January 07, 2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယအတွက် ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
Ministry of Information / Posted on January 07, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင်နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 04, 2026
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / January 05, 2026
၁။ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) အသင်းဝင် ကုမ္ပဏီများအနေဖြင့် တောင်သူများအဓိကသုံးစွဲလျက်ရှိသော အောက်ပါမြေဩဇာများကို ပူးတွဲပါ ဈေးနှုန်းများအတိုင်း ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ၁-၁-၂၀၂၆ မှ ၃၁-၁-၂၀၂၆ ရက်ထိ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည် -
|
(က) |
ယူရီးယား(အလုံးကြီး) |
၅၀ ကီလိုတစ်အိတ် |
၉၄,၀၀၀ ကျပ် |
|
( ခ) |
Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် |
၅၀ ကီလိုတစ်အိတ် |
၁၁၅,၀၀၀ ကျပ် |
၂။ အထက်ပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်းများဖြစ်သဖြင့် ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေများအပေါ်တွင် မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါသည်။
၃။ ရည်ညွှန်းဈေးများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ပါသည်။
၄။ အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ဦးဆောင်ကော်မတီ ၀၆၇-၄၁၀၀၃၂
( ခ) MFSPEA အသင်း ၀၉-၉၈၈၅၃၉၃၆၀
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ
