ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း
Latest News - 102145 items
Ministry of Information / Posted on December 28, 2025
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ(၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဝါးခယ်မမြို့နယ် ရွှေခယ်သီရိခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on December 28, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Ministry of Information / Posted on December 28, 2025
ယနေ့(၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့) မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလဖြစ်သည်။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးတို့ကို လိုလားသည့် ပြည်သူများကလွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းကို အားပေးထောက်ခံကြသော်လည်း NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖျက်သမားများနှင့် တိုင်းရင်းသားအမည်ခံထားကြသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ အကြမ်းဖက်ထောက်ခံသူများကမူ ရွေးကောက်ပွဲကိုမလိုလား။
Ministry of Information / Posted on December 28, 2025
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စနစ်အမျိုးမျိုးကျင့်သုံးခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ပြည်သူများတောင်းဆိုခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကလမ်းခင်း ပုံဖော်ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်ရွေးကောက်ပွဲတို့ကို လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့်အဓမ္မပြုလုပ်မှုများကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်ကို ခေတ္တရယူ၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
Ministry of Transport and Communications / Posted on December 28, 2025
နေ့စဉ်မိုးလေဝသသတင်း
Ministry of Transport and Communications / Posted on December 28, 2025
နေ့စဉ်မိုးလေဝသသတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း
Ministry of Information/ Naypyitaw / December 26, 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
