ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ အသိပေးကြေညာချက်
Latest News - 103512 items
Ministry of Information / Posted on January 22, 2026
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြစ်ကြီးနားမြို့ Shwe Hee Hotel နှင့် Jade Garden Hotel သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on January 22, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on January 22, 2026
မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
Ministry of Information / Posted on January 22, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲ(အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲစာရင်း
Ministry of Information / Posted on January 22, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
Ministry of Information / Posted on January 22, 2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတို့ကို ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ အသိပေးကြေညာချက်
Yangon City Development Committee/ location / January 12, 2022
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ စည်းကြပ်ကောက်ခံလျက် ရှိသော ပစ္စည်းခွန်များအား ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်း ကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာရှိ ရုံးချုပ်တွင် အခွန်ငွေပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ အခွန်ထမ်းပြည်သူများ ပိုမိုလွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်ရေးအတွက် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင် ရုံးခွဲများတိုးချဲ့ဖွင့်လှစ်၍ အောက်ဖော်ပြပါ မြေနှင့်အဆောက်အအုံ များအပေါ် စည်းကြပ်သည့်ပစ္စည်းခွန်များကို ကောက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည် -
(က) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊
(ခ) လူနေထိုင်ရန်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်ဖြစ်စေ ငှားရမ်းထားသော မြေနှင့်အဆောက်အအုံများ၊
(ဂ) ဟိုတယ်၊ မိုတယ်၊ အင်းစသည့်လုပ်ငန်းလုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊
(ဃ) Apartment, Tower, Residence, Condominium အစရှိသည့် မြေနှင့်အဆောက် အအုံများ၊
(င) စက်ရုံ၊ အလုပ်ရုံစသည့် စက်မှုဇုန်အတွင်းရှိ မြေနှင့်အဆောက်အအုံများ၊
၂။ သို့ပါ၍ အဆိုပါ ခရိုင်/မြို့နယ်များအတွင်းရှိ အခွန်ထမ်းပြည်သူများအနေဖြင့် ၂၀.၁.၂၀၂၂ ရက်နေ့မှစ၍ ပစ္စည်းခွန်များ သွားရောက်ဆက်သွယ်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
- အရှေ့ပိုင်းခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (တောင်ဥက္ကလာပ၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ ဒဂုံ(အရှေ့)၊ ဒဂုံ(ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း) ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်၊ အမှတ်(၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်
- မြောက်ပိုင်းခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်၊ လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)၊ အင်းစိန်) ဘုရင့်နောင်လမ်း၊ မြို့သစ်ဈေးအနီး၊ မြို့သစ်(ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်
- ရာပြတ်ဌာန ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်းကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာ
ရာပြတ်ဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
