ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ အသိပေးကြေညာချက်
Latest News - 108689 items
Office of the Auditor General of the Union / Posted on May 22, 2026
Kayin State Government / Posted on May 22, 2026
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေးပါဝင်လှုံ့ဆော်
Ministry of Home Affairs / Posted on May 22, 2026
The terrorist groups, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG), with the aim of nationwide destruction, have formed the terrorist groups known as the so-called PDF.
Ministry of Home Affairs / Posted on May 22, 2026
Terrorists are ruthlessly carrying out abductions, killings and armed attacks, using both heavy and small weapons, improvised rocket attacks on wards and villages, as well as conducting drone strikes,..................................................
Ministry of Home Affairs / Posted on May 22, 2026
In order to cause injuries to both peaceable civilians and administrative authorities who are striving to restore the rule of law, extreme terrorists provide financial assistance and instigate...............................................
Ministry of Home Affairs / Posted on May 22, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၀ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး တို့ရှိ မြို့နယ်အချို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ အသိပေးကြေညာချက်
Yangon City Development Committee/ location / January 12, 2022
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ စည်းကြပ်ကောက်ခံလျက် ရှိသော ပစ္စည်းခွန်များအား ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်း ကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာရှိ ရုံးချုပ်တွင် အခွန်ငွေပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ အခွန်ထမ်းပြည်သူများ ပိုမိုလွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်ရေးအတွက် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင် ရုံးခွဲများတိုးချဲ့ဖွင့်လှစ်၍ အောက်ဖော်ပြပါ မြေနှင့်အဆောက်အအုံ များအပေါ် စည်းကြပ်သည့်ပစ္စည်းခွန်များကို ကောက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည် -
(က) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊
(ခ) လူနေထိုင်ရန်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်ဖြစ်စေ ငှားရမ်းထားသော မြေနှင့်အဆောက်အအုံများ၊
(ဂ) ဟိုတယ်၊ မိုတယ်၊ အင်းစသည့်လုပ်ငန်းလုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊
(ဃ) Apartment, Tower, Residence, Condominium အစရှိသည့် မြေနှင့်အဆောက် အအုံများ၊
(င) စက်ရုံ၊ အလုပ်ရုံစသည့် စက်မှုဇုန်အတွင်းရှိ မြေနှင့်အဆောက်အအုံများ၊
၂။ သို့ပါ၍ အဆိုပါ ခရိုင်/မြို့နယ်များအတွင်းရှိ အခွန်ထမ်းပြည်သူများအနေဖြင့် ၂၀.၁.၂၀၂၂ ရက်နေ့မှစ၍ ပစ္စည်းခွန်များ သွားရောက်ဆက်သွယ်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
- အရှေ့ပိုင်းခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (တောင်ဥက္ကလာပ၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ ဒဂုံ(အရှေ့)၊ ဒဂုံ(ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း) ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်၊ အမှတ်(၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်
- မြောက်ပိုင်းခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်၊ လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)၊ အင်းစိန်) ဘုရင့်နောင်လမ်း၊ မြို့သစ်ဈေးအနီး၊ မြို့သစ်(ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်
- ရာပြတ်ဌာန ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်းကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာ
ရာပြတ်ဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
