လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Latest News - 85714 items

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Ministry of Information / Posted on January 08, 2025

၁။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁) စီးနှင့် မော်တော်ဆိုင်ကယ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၈၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့၊ မန်းရေနံမြေဝင်းအတွင်း၌ တရားမဝင် ရေနံစိမ်း (၂၃) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၅၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၆၀,၅ဝဝ) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။

ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်လျက်ရှိ

Ministry of Information / Posted on January 08, 2025

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်လျက်ရှိကြောင်း တွေ့ရှိရသည်။

တာဝန်မှ အနားယူခွင့်ပြုခြင်း

Ministry of Information / Posted on January 08, 2025

တာဝန်မှ အနားယူခွင့်ပြုခြင်း

အခြေခံမဲစာရင်းတွင် ပါဝင်ရမည့် လူဦးရေစာရင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Ministry of Information / Posted on January 08, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on January 08, 2025

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့် ထုတ်ဝေသူများစာရင်းအား အသိပေးကြေညာခြင်း

Ministry of Information / Posted on January 08, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ ညစ်ညမ်းစာများကို ဖော်ပြခြင်း စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သောအကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Jan 09, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 07, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Posted on Jan 06, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Posted on Jan 04, 2025

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်


Ministry of Information/ Naypyitaw / January 07, 2025
image


၁။ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။

၂။ လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နေအိမ် (၁၄,၀၀၀) ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နေအိမ် (၂၀,၀၀ဝ) ကျော်၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် (၂၀၂၄ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ) နေအိမ် (၇,၉၀၀) ကျော် ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူသေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လေပြင်းတိုက်ခတ်မှုများကြောင့် ရပ်ရွာလူထု၏နေအိမ်များ ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်အတွက် လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ - ၂၀၁၇ဘဏ္ဍာရေးနှစ်မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေအိမ်ပေါင်း (၇၅,၀၀၀) ကျော် ပြင်ဆင်ပေးနိုင်ခဲ့ပြီး နှစ်စဉ်လေပြင်းဘေးကျရောက်နိုင်သော ဆောင်းအကုန် နွေအကူးကာလမှစ၍ မုတ်သုံမတိုင်မီကာလတွင် နေအိမ်များ လေပြင်းဒဏ်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

၄။ ပြည်သူများအနေဖြင့်လည်း အောက်ပါကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က) မိမိအိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားပါ။

(ခ) လေပြင်းဒဏ်ခံနိုင်စေရေးအတွက် အိမ်နံရံများတွင် လေဒဏ်ခံနိုင်ရန် ချုပ်တန်းများနှင့် လိုအပ်သည့်နေရာများတွင် ထောက်တန်းများ/ ဒေါက်တိုင်များ ထပ်မံအားဖြည့်တပ်ဆင်ပါ။

(ဂ) သွပ်အမိုးဖြစ်ပါက အစွန်ကျသောနေရာများတွင် သွပ်သံစိပ်စိပ်ရိုက်ပါ။ ဓနိ/ သက်ကယ်အမိုးဖြစ်ပါက ဝါးရာဇမတ်ကွက် ကြက်နင်းဖြင့် ခိုင်ခံ့စွာအုပ်ပါ။ သွပ်နန်းကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်ပါ။

(ဃ) အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်/ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။

၅။ လေပြင်းတိုက်ခတ်နေစဉ်တွင် အောက်ပါတို့ကို သတိပြုလိုက်နာကြရန် လိုအပ်ပါသည်-

(က) လေပြင်းတိုက်ခတ်ချိန်တွင် အမှိုက်များနှင့် ပစ္စည်းများ လေနှင့်အတူ လွင့်ပါကာ အန္တရာယ်ဖြစ်စေနိုင်သောကြောင့် မလိုအပ်ဘဲ အပြင်သို့ မထွက်ပါနှင့်။

(ခ) တံခါးများနှင့် ပြတင်းပေါက်များကို မြဲမြံစွာပိတ်ထားပါ။ မှန်ပြတင်းများအား တိတ်ပြားကြီးများဖြင့် ကန့်လန့်ဖြတ်ကပ်ထားပါ။ မှန်ပြတင်းပေါက်များနှင့် ဝေးရာတွင် နေထိုင်ပါ။

(ဂ) လေတိုက်ခတ်မှု အလွန်ပြင်းထန်ပါက ခိုင်ခံ့သော စားပွဲ (သို့မဟုတ်) ခိုင်ခံ့သော အရာဝတ္ထုတစ်ခုခုအောက်တွင် အကာအကွယ်ယူနေပါ။

(ဃ) လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားပါ။

၆။ လေပြင်းတိုက်ခတ်ပြီးနောက် အောက်ပါတို့ကို သတိပြုဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က) ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်းများတွင် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။

(ခ) ကျိုးကျ၊ ယိုင်လဲ၊ ပြိုပျက်နေသော ဓာတ်တိုင်များ၊ ဓာတ်ကြိုးများ၊ သစ်ပင်များ၊ သစ်ကိုင်းများ၊ အဆောက်အအုံများနှင့် ဝေးရာတွင်နေပါ။

(ဂ) ထိခိုက်ဒဏ်ရာရရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သည့် ကုသမှုခံယူပါ။

(ဃ) ကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သော ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် သားသည်မိခင်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများစသည့် အကူအညီလိုအပ်သူများကို တတ်စွမ်းသရွေ့ပေါင်းစပ်ကူညီပေးပါ။

၇။ သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာအပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

HOT NEWS
January 4,