သတင်းထုတ်ပြန်ချက်
Latest News - 108183 items
Ministry of Information / Posted on May 11, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ၃၁ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
Ministry of Natural Resources & Environmental Conservation / Posted on May 11, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာနှင့် ပြတိုက်တည်ဆောက်ရေးတာဝန်ခံတို့က အကြီးစားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြသည့်အပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Ministry of Information / Posted on May 11, 2026
မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်း UN Peacekeeping Officer Course ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ PARKROYAL ဟိုတယ်၌ ပြုလုပ်သည်။
Ministry of Information / Posted on May 11, 2026
မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်း UN Peacekeeping Officer Course ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ PARKROYAL ဟိုတယ်၌ ပြုလုပ်သည်။
Ministry of Information / Posted on May 11, 2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)၌ တက်ရောက်လျှက်ရှိသည့် သင်တန်းသား/ သင်တန်းသူများ၏ သင်ခန်းစာသင်ကြားပို့ချသင်ယူနေမှုများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
Ministry of Information / Posted on May 11, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် DPLA အဖွဲ့ဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၄၀ ဦး၊ TNLA အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇၂ ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / May 11, 2026
မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အောင်မြင်စွာကျင်းပခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်သည် ၎င်းတို့၏ လွတ်လပ်သောဆန္ဒသဘောထားများဖြင့် ဆန္ဒမဲပေးခဲ့ကြပြီး ပြည်သူများကရွေးချယ်ခဲ့သည့်လွှတ်တော်နှင့် လွှတ်တော်ကရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရတစ်ရပ်ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထိုစဉ်အာဏာရအစိုးရက မဲမသမာမှုများကို ဆိုးရွားစွာပြုလုပ်ခဲ့ကြပြီး အဆိုပါရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်သူများကတောင်းဆိုမှုအရ စိစစ်စုံစမ်းခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ ၃၈ ဒသမ ၂ သန်း ကျော်အနက် မဲမသမာမှု ၁၁ ဒသမ ၃ သန်းကျော်ပေါ်ပေါက်ခဲ့ကြောင်း သိသာထင်ရှားစွာ စိစစ်တွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။ မသမာသောနည်းလမ်းများအသုံးပြု၍ အာဏာရယူလိုသည့် တာဝန်ရှိသူများတွင် အဂတိအမှုနှင့် အခြားသောပြစ်မှုတို့ကိုကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်သဖြင့် တရားဥပဒေနှင့်အညီ တရားရုံးက ပြစ်မှုထင်ရှားစီရင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအသစ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ကျင်းပခဲ့ရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုက နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လိုသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အနည်းငယ်သောနိုင်ငံများက မြန်မာအစိုးရအပေါ် ကန့်သတ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများကို ဆက်လက်ပြုလုပ်ရန်ကြိုးပမ်းနေပြီး အာဆီယံပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူများကိုဖောက်ဖျက်၍ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်၍ အာဆီယံ၏လုပ်ငန်းစဉ်များကို အာဆီယံတူညီဆန္ဒများနှင့်အညီ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် တာဝန်ယူမှုရှိသော အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ယန္တရားများနှင့် လှုပ်ရှားမှုများအတွက် နှစ်စဉ်ထည့်ဝင်ငွေများ ပေးဆောင်ခြင်း အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ တာဝန်ဝတ္တရားများကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။
လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများကို နိုင်ငံတော်အစိုးရအသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများသည် ဒီမိုကရေစီနည်းလမ်းတကျမဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုရာရောက်ပါသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တူညီဆန္ဒမရရှိသေးလင့်ကစား မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများအပေါ် ထောက်ခံကူညီပေးခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေအပေါ်မူတည်၍ မိမိနိုင်ငံနှင့်ကိုက်ညီသည့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်
