သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ
Latest News - 100496 items
Ministry of Information / Posted on November 27, 2025
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို အများဆုံးကျူးလွန်လျက်ရှိသည့် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေ နှင့် KK Park နယ်မြေများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများနှင့် အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ တရားမဝင် ပြည်ပနိုင်ငံသားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Ministry of Information / Posted on November 27, 2025
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ငါးလုပ်ငန်းသိပ္ပံ(တွံတေး)မှ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ မွေးမြူရေးကဏ္ဍအတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး ကြိုးစားအားထုတ်ကြရန်ပြောကြားပြီး ဘက်စုံသုံးအဆောက်အအုံ တည်ဆောက်နေမှု၊ ထမင်းစားဆောင် တိုးချဲ့တည်ဆောက်နေမှုနှင့် သင်တန်းနည်းပြ ဆရာမအဆောင် တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်အားကစားကွင်းအတွင်း နုန်းသဲဖြည့်ခြင်း၊ မြက်စိုက်ခြင်းနှင့် အားကစားကွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on November 27, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ၏ သုတေသနဝင်းအတွင်း၌ စမ်းသပ်စိုက်ပျိုးထားသည့် မိုးနှောင်းဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းသုတေသနစိုက်ကွင်းကို ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on November 27, 2025
မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့(MLRC) စတင်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ
Ministry of Cooperatives and Rural Development/ Naypyitaw / November 19, 2025
နေပြည်တော် နိုဝင်ဘာ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၅ ခုနှစ်အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများကို (၁၇-၁၁-၂၀၂၅) ရက် (တနင်္လာနေ့)မှစ၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅) ရက် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။