သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တတိယအကြိမ် HRD မဟာဘွဲ့သင်တန်းသားများ ခေါ်ယူခြင်း

Latest News - 86906 items

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၁) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

Ministry of Information / Posted on February 05, 2025

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၁) ကြိမ်မြောက် ထုတိအနုမောဒနာ  ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူ

Ministry of Information / Posted on February 05, 2025

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် (၂၃)ရပ်ကွက် သာသနာ့ဂုဏ်ရည်ချမ်းသာကြီး ကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) သက်တော် ၉၀ နှစ်၊ သိက္ခာဝါ ၇၀ ရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၆ ခုနှစ် တပို့တွဲလဆန်း ၇ ရက်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် အင်္ဂါနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on February 05, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Ministry of Information / Posted on February 05, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on February 05, 2025

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နေသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ

Ministry of Information / Posted on February 05, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်နှင့်အတူ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိ မြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ တောတွင်းလက်တွေ့လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Feb 05, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Posted on Feb 04, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Posted on Feb 03, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Posted on Feb 02, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Posted on Feb 01, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Posted on Jan 31, 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တတိယအကြိမ် HRD မဟာဘွဲ့သင်တန်းသားများ ခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / January 15, 2025


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများသင်တန်းသားခေါ်ယူခြင်း

 

၁။                သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Third Batch စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့(MBA)သင်တန်းပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့(MPA)သင်တန်းနှင့် အသုံးချသုတေသနပညာမဟာဘွဲ့(MAR)သင်တန်းများကို Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။

၂။                 အဆိုပါမဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်-

                    (က)             အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။

                    (ခ)              တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခုတက်ရောက်နေသူ မဖြစ်စေရ။

                    (ဂ)              ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။

                   (ဃ)             သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး  Online သင်တန်း ဖြစ်သည့်အတွက် လိုအပ်သောနည်းပညာများအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

မှတ်ချက်။     အနည်းဆုံးလုပ်သက်(၃)နှစ်ရှိပြီးလုပ်ငန်းအတွေ့အကြုံရှိသည့် အရည်အသွေးပြည့်မှီသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။

၃။                သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မိမိလျှောက်ထား လိုသည့် သင်တန်း၏ Online မှဖြစ်စေ (သို့မဟုတ်) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ  ၁၈-၁-၂၀၂၅ ရက်မှစတင်၍ ထုတ်ယူနိုင်ပြီး (၉-၃-၂၀၂၅) ရက်နေ့နောက်ဆုံးထား၍  လျှောက်ထားနိုင်ပါသည်။

(က)             ဘွဲ့လက်မှတ်(သို့)ယာယီဘွဲ့ထောက်ခံစာ

(ခ)               တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

(ဂ)               နိုင်ငံသားစိစစ်ရေးကတ်

(ဃ)             ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်

(င)               ပတ်စ်ပို့ဓါတ်ပုံ(၄)ပုံ

မှတ်ချက်။     ပူးတွဲပါစာရွက်စာတမ်းများသည် မူရင်းကို scan ဖတ်ထားသောမိတ္တူများဖြစ်ပြီး  email (သို့မဟုတ်) Viber ဖြင့် ပေးပို့ရပါမည်။

၄။                ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၁၆-၃-၂၀၂၅ ရက် တနင်္ဂနွေနေ့ တွင် Online မှ နံက် ၉ နာရီမှ ၁၂ နာရီ အထိ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို ၁၉-၃-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ပါမည်။

၅။                သင်တန်းတက်ရောက်မှုအချိန်စာရင်းမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ (နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀နာရီ) အထိဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။

၆။                ဆက်သွယ်ရန်ဖုန်းနံပါတ်   -                   -(က) MBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာန (၀၇၂-၂၀၂၃၀၂၃ ၊ ၀၉၈၉၇၇၅၂၀၄၆ ၊ ၀၉၆၇၆၈၃၅၉၉၉)

                                                                                    ( Email- ucmsmbasgg@gmail.com)

                    နှင့် အီးမေးလ်များ                                        သင်တန်းရေးရာဌာန (Ph- ၀၉-၄၅၈၀၃၁၅၉၅၊ ၀၇၂-၂၀၂၃၀၁၅) ( Email- ucmsexam22@gmail.com)

                                    -(ခ) MPA သင်တန်းအတွက် သမဝါယမပညာဌာန (၀၇၂-၂၀၂၃၀၁၂ ၊ ၀၉၈၉၇၇၅၁၇၄၂ ၊ ၀၉၂၅၀၈၀၄၈၂၀၊ ၀၉၆၉၉၀၆၅၃၃၁) (Email-semucmsagaing@gmail.com, kyi237@gmail.com)                         

                                                                                သင်တန်းရေးရာဌာန (Ph- ၀၉-၄၅၈၀၃၁၅၉၅၊ ၀၇၂-၂၀၂၃၀၁၅) ( Email- ucmsexam22@gmail.com)

                                                                                -(ဂ) MAR သင်တန်းအတွက် စာရင်းအင်းပညာဌာန (၀၇၂-၂၀၂၃၀၂၁ ၊ ၀၉-၈၉၇၇၅၂၀၄၇ ၊  ၀၉၆၇၃၃၅၈၂၂၄)

                                                                                (Email-statsdeptucms@gmail.com)

                                                                                သင်တန်းရေးရာဌာန (Ph- ၀၉-၄၅၈၀၃၁၅၉၅ ၊ ၀၇၂-၂၀၂၃၀၁၅) ( Email- ucmsexam22@gmail.com)

၇။                လျှောက်ထားမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://www.ucmsonlinestudy.org/ နှင့် Facebook Page: University of Co-operative and       Management, Sagaing နှင့် သက်ဆိုင်ရာဌာနများတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

၈။                သင်တန်းသားဦးရေ ကန့်သတ်ထားရှိပါသည်။

                                                                                                                                                                                      

                                                                                                                                                                                                       ဌာနမှူး၊ သင်တန်းရေးရာဌာန

                                                                                                                                                                                        သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)