အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Latest News - 109154 items
Ministry of Natural Resources & Environmental Conservation / Posted on June 01, 2026
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးစိုးဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ၁-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ National Wood သစ်အချောထည်စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူမှ သစ်အချောထည်များ ထုတ်လုပ်တင်ပို့နေမှု အခြေအနေများအား တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သစ်ကုန်ကြမ်းရရှိမှုကို အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာဖြင့် သစ်အချောထည်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်သွားပြီး နိုင်ငံခြားငွေပိုမိုရရှိရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားပြီး စက်ရုံအတွင်း သစ်အချောထည်များ ထုတ်လုပ်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
Ministry of Information / Posted on June 01, 2026
အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House) ၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့်တွေ့ဆုံဆွေးနွေးသည်။
Ministry of Information / Posted on June 01, 2026
အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် ၎င်း၏သမ္မတအိမ်တော်၊ ဧည့်ခန်မး၌ တွေ့ဆုံဆွေးနွေးသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက် အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား အသုံးပြု၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်းမပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ်လူနေ အဆောက်အအုံ ၁ လုံးနှင့် ၃ထပ်လူနေအဆောက်အအုံ ၂ လုံးအား ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Ministry of Information / Posted on June 01, 2026
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများတွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ လမ်းပန်းဆက်သွယ်ရေး ထိခိုက်ပျက်ပြားစေပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်စီးရန်ရည်ရွယ်၍ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြုကာ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်စီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Ministry of Transport and Communications/ Naypyitaw / June 01, 2026