အငယ်တန်းစာရေးရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း
Latest News - 96796 items

Office of the Auditor General of the Union / Posted on September 09, 2025

Ministry of Transport and Communications / Posted on September 09, 2025
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်
Office of the Auditor General of the Union / Posted on September 09, 2025
Ministry of Hotel & Tourism / Posted on September 09, 2025

Ministry of Information / Posted on September 09, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတက္ကသိုလ် ပင်မဆောင်မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးဗိသုကာဆိုင်ရာ လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတက္ကသိုလ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)မှ တာဝန်ရှိသူများက မန္တလေးတက္ကသိုလ်ပင်မဆောင်၏ ဗိသုကာပုံစံနှင့် လက်ရှိပျက်စီးမှုအခြေအနေ၊ မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

Ministry of Information / Posted on September 09, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များနှင့် ဟူပင်ဟိုတယ်၌ တွေ့ဆုံသည်။
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Posted on Sep 08, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 07, 2025
အငယ်တန်းစာရေးရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Transport and Communications/ Naypyitaw / September 08, 2025
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ စစ်ဆေးရေးဌာန၊ စီမံကိန်းနှင့် အုပ်ချုပ်ရေးဌာနနှင့် ဘဏ္ဍာရေးဌာန၊ ရုံးချုပ် (နေပြည်တော်)တို့တွင် လစ်လပ်လျက်ရှိသော (လစာ နှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်းစာရေးရာထူး (၁၃)နေရာအတွက် အောက်ဖော် ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ ) လျှောက်လွှာပိတ်သည့် ၁၃.၁၀.၂၀၂၅ ရက်နေ့၌ အသက်(၃၀)နှစ် (ဝန်ထမ်းဖြစ်ပါက (၃၅)နှစ်ထက် မကျော်လွန်သူ) ဖြစ်ရမည်၊
( ဂ ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်၊
(ဃ) စစ်ဆေးရေးဌာနနှင့် စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနတို့အတွက် အင်္ဂလိပ်စာ၊ ကွန်ပျူတာ ဘာသာရပ်များတွင် အခြေခံတတ်ကျွမ်းသူများကို လည်းကောင်း၊ ဘဏ္ဍာရေးဌာန အတွက် စီးပွားရေးတက္ကသိုလ်ဘွဲ့ရ(သို့မဟုတ်) စီးပွားရေးဘွဲ့ရ(အဝေးသင်) ရရှိသူ များကိုလည်းကောင်း ဦးစားပေးခန့်ထားပေးပါမည်။
၂။ ကိုယ်ရေးလျှောက်လွှာတွင် မိဘအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်များကို ပြည့်စုံစွာ ဖော်ပြပေးခြင်းနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-
(က) တစ်လအတွင်း ရိုက်ကူးထားသော (၁” x ၁.၂၅”)အရွယ် ကာလာဓါတ်ပုံ(၃)ပုံ
(နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)
(ခ) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ သက်တမ်းရှိအလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
(ဂ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူနှင့် အခြားဘာသာရပ်ဆိုင်ရာ တတ်မြောက်ကြောင်း အသိအမှတ်ပြု လက်မှတ် အထောက်အထားမိတ္တူများ
(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် လျှောက်လွှာမတင်မီ ရက်သတ္တနှစ်ပတ်အတွင်း ပြစ်မှုကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန် ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ထောက်ခံချက်မူရင်းနှင့် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဌာနအကြီးအကဲ၏ ထောက်ခံချက် မူရင်း နှင့် ဌာနဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်ကင်းရှင်းကြောင်း ထောက်ခံချက် မူရင်း။
၃။ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများနှင့် သတ်မှတ်ရက်ကျော်လွန်သော လျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။
၄။ လျှောက်လွှာတင်ပြခြင်းနှင့် ဖြေဆိုခွင့်ကတ်ပြားထုတ်ယူခြင်းများကို (၁၃.၁၀.၂၀၂၅)ရက်နေ့၊ (၀၉:၃၀)နာရီမှ (၁၆:၀၀)နာရီအတွင်း မြန်မာ့မီးရထား(ရုံးချုပ်)နေပြည်တော်၊ စီမံကိန်းနှင့်အုပ်ချုပ်ရေး ဌာနတွင် ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ အလုပ်သမားမှတ်ပုံတင် (မူရင်းများ)နှင့်အတူ လာရောက်၍ ဆက်သွယ်ကြရန် ဖြစ်ပါသည်။
၅။ ရေးဖြေစာမေးပွဲ၊ လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်းတို့အား မြန်မာ့မီးရထား(ရုံးချုပ်)တည်ရှိရာ နေပြည်တော်ဘူတာကြီး၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်၌ အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်-
(က) ၁၄.၁၀.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ ရေးဖြေစာမေးပွဲ(မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုမေးခွန်းလွှာ) အား ဖြေဆိုခြင်း။
(ခ) ၁၄.၁၀.၂၀၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်း။
၆။ ရေးဖြေ/လူတွေ့ စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ရွေးချယ်ခံရသူများအား ဌာနက တိုက်ရိုက် ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက မြန်မာ့မီးရထား (ရုံးချုပ်)နေပြည်တော်၊ တယ်လီဖုန်းနံပါတ် ၀၆၇-၇၇၀၃၂/၀၆၇-၇၇၁၂၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။