အများပြည်သူသို့ အသိပေးကြေညာခြင်း
Latest News - 105658 items
Ministry of Home Affairs / Posted on March 09, 2026
The terrorist groups, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG), with the aim of nationwide destruction, have formed the terrorists known as the so-called PDF.
Ministry of Home Affairs / Posted on March 09, 2026
Terrorist groups have been engaging in battles, carrying out attacks using heavy weapons, drones to drop bombs and improvised explosive devices across towns and villages in various states and regions.
Ministry of Home Affairs / Posted on March 09, 2026
၂၀၂၆ ခုနှစ်၊ မတ် ၇ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၂၂ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Ministry of Home Affairs / Posted on March 09, 2026
၂၀၂၆ ခုနှစ်၊ မတ် ၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Ministry of Home Affairs / Posted on March 09, 2026
၂၀၂၆ ခုနှစ်၊ မတ် ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Ministry of Home Affairs / Posted on March 09, 2026
၂၀၂၆ ခုနှစ်၊ မတ် ၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ မြို့မစျေး၌ မော်လိုက်ခရိုင်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နိုင်ရေးအတွက်.....................................................
အများပြည်သူသို့ အသိပေးကြေညာခြင်း
Ministry of Transport and Communications/ Naypyitaw / March 07, 2026
အများပြည်သူသို့ အသိပေးကြေညာခြင်း
မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးစီးဌာန၏တင်သွင်းခွင့်ပြုချက်နှင့်အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်း ရောက်ရှိပြီးသော မော်တော်ယာဉ်များသည်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည် ဖြစ်သော် လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေကိုတွေ့ရှိရပါသည်။ အဆိုပါ မော်တော်ယာဉ် များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်း ခွင့်လိုင်စင်ထုတ်ပေးထားသောယာဉ်များသည် ၃၀-၄-၂၀၂၆ ရက်နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် ၃၁-၅-၂၀၂၆ ရက်နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေး ထားသောယာဉ်များသည် ၃၀-၆-၂၀၂၆ ရက်နောက်ဆုံး ထား၍လည်းကောင်း ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
