နေပြည်တော်ဖွံဖြိုးရေးဘဏ်လီမိတက်မှ အသိပေးကြော်ငြာခြင်း
Latest News - 86906 items
Ministry of Information / Posted on February 05, 2025
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၁) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
Ministry of Information / Posted on February 05, 2025
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် (၂၃)ရပ်ကွက် သာသနာ့ဂုဏ်ရည်ချမ်းသာကြီး ကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) သက်တော် ၉၀ နှစ်၊ သိက္ခာဝါ ၇၀ ရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၆ ခုနှစ် တပို့တွဲလဆန်း ၇ ရက်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် အင်္ဂါနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
Ministry of Information / Posted on February 05, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on February 05, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Ministry of Transport and Communications / Posted on February 05, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
Ministry of Information / Posted on February 05, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်နှင့်အတူ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိ မြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ တောတွင်းလက်တွေ့လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။